ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။

အမာခံ ပရိသတ်တို့အတွက် ...

Wednesday, August 22, 2007

နှင်းဆီပန်းနဲ့ ……… ။

“…ငါ့ရဲ့ နှင်းဆီပန်းဟာ အခြားသော နှင်းဆီပန်းများထက် ပိုပြီး အရေးကြီးတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူ့ကို ငါရေလောင်းခဲ့ရတယ်၊ သူ့ကို မှန်ပေါင်းချောင်ထဲထည့်ပြီး ကာကွယ်ပေးခဲ့ရတယ်၊ သူ့ကို လေမတိုက်အောင် ကာကွယ်ပေးခဲ့ရတယ်၊ သူ့အတွက်ပဲ ခူကောင်တွေကို ငါသတ်ခဲ့ရပါတယ်။ (အချို့ တစ်ကောင် နှစ်ကောင် လိပ်ပြာအဖြစ် မွေးယူခြင်းမှ လွဲ၍) သူအော်ငေါက်ရင်လဲ ငါနားထောင်ခဲ့ရတာပဲ၊ သူကွားဝါရင်လဲ နားထောင်ခဲ့ရတယ်၊ တခါတလေ သူ ငါ့ကို ဘာမှတောင် မပြောဘူး၊ ဒီလို ငါသည်းခံခဲ့ရတာလည်း သူဟာ ငါ့ရဲ့ တစ်ပွင့်တည်းသော နှင်းဆီပန်း ဖြစ်ခြင်းကြောင့်ပဲ …”

Le Petit Prince - Antoine de Saint ~ Exup’ery

ကျွန်တော့်အတွက်တော့ ……… ဟာ အခြားသော မိန်းကလေးများထက် (သေချာပေါက်) ပိုပြီး အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ……… ကို ကျွန်တော် … ချစ်ခဲ့ရတယ်၊ အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ခဲ့ရတယ်၊ ……… စိတ်ဆိုးရင် ……… အတွက်ပဲ ပျာပျာသလဲ ဖြစ်ခဲ့ရတယ်၊ … နောက် ……… စိတ်ပျော်ရွှင်နေအောင် စိတ်ဆိုးစရာ၊ ဒေါသဖြစ်စရာ၊ စိတ်ညစ်စရာ၊ ၀မ်းနည်းစရာတွေကနေ ကာကွယ်ပေးထားခဲ့ရတယ်၊ ……… အတွက်ပဲ ကျွန်တော် (………၊ ကျန်တော်ကိုယ်တိုင်နဲ့ တခြားသူတွေကို) ဖုန်းလိုင်းထဲ/အပြင်လောကမှာ လိမ်ညာခဲ့ရပါသေးတယ်။ (တချို့သော အမှန်တရားများကို မျက်စိမှိတ် ခုခံကာကွယ်ခြင်းမှ လွဲ၍)။ နောက်တခါ … ကျွန်တော့်ရဲ့ ယုံကြည်ချက်၊ အမှန်တရားနဲ့ အိပ်မက်တွေကိုလဲ သတ်ခဲ့ရသေးတယ်။ (ကျွန်တော် မှားမှား၊ မှန်မှန်) ……… က စိတ်ဆိုး အော်ငေါက်ရင်လဲ ကျွန်တော် နာခံရတာပဲ။ ပေါက်ကရတွေ၊ ပျင်းစရာ ဟာသ အဟောင်းအမြင်းတွေ ……… က လျောက်ပြောနေရင်လဲ (ဟုတ်ဟုတ်၊ မဟုတ်ဟုတ်) သည်းခံနားထောင်ရပြန်တာပဲ။ နောက် … ……… စိတ်ကောက်ရင် ကျွန်တော့်ကို ဘာမှ မပြောတော့ဘူး။ အဲဒီအခါကျရင်လဲ သည်းခံရုံတင်မကဘူး၊ ဘာကြောင့် ကောက်သွားတာလဲ၊ ဘာဖြစ်သွားတာလဲကို သိအောင် စုံစမ်းပြီး ချော့ရပါသေးတယ်။ ဒီလိုလုပ်ရတာတွေအားလုံးက ……… ဟာ ကျွန်တော့်ရဲ့ တစ်ဦးတည်းသော ချစ်ရသူ ဖြစ်နေလို့ပါပဲ။

တကယ်လို့သာ Exup'ery က နှင်းဆီပန်းဆိုတဲ့ ပုံပြင် ဇာတ်ကောင်ကို သူ့ချစ်သူ ကိုယ်စား ပုံပြင်ထဲ ထည့်သွင်း ရေးသားထားတာ ဖြစ်ခဲ့ရင် သေချာပေါက် ပြောနိုင်တာကတော့ ဒီပြင်သစ် စာရေးဆရာကျော်ကြီးဟာ ကျွန်တော် ……… ကို ချစ်သလောက် သူ့ရဲ့ ချစ်သူကို မချစ်ပါဘူး။

၃၇၇၃ဖြင့် စာတမ်းငယ်အလွယ်ရေးနည်း။

ကျိုးကြောင်းပြ စာစီစာကုံး၊ စာတမ်းငယ် (Analytical Essay)ရေးတယ်ဆိုတာ လွယ်ကူတဲ့ အလုပ်တစ်ခု မဟုတ်ပါဘူး။ အလေ့အကျင့် မရှိတဲ့လူတွေအဖို့ စာရွက်နဲ့ ခဲတံ ပေးထားလဲ အချိန်တိုအတွင်းမှာ ကောင်းမွန်တဲ့ စာတမ်းငယ်တစ်စောင် ရေးသားဖို့က အခက်အခဲ ရှိပါတယ်။ ကောင်းမွန်စွာ လေ့ကျင့်ထားတဲ့ အတွေ့အကြုံရင့် ပညာရှင်များပင်လျင် စိတ်မပါလို့ရှိရင် အရည်အသွေးမီ စာတမှ်းုငယ်များ ရေးသားနိုင်ခြင်း မရှိပါဘူး။

ဒါပေမဲ့ မရေးပဲ နေလို့ကလဲ မဖြစ်ဘူးလေ။ ဘာလို့လဲဆိုတော့ အမေရိကားနှင့်တကွ ကမ္ဘာအနှံ့အပြားမှာ ဘွဲ့ကြို/ဘွဲ့လွန် ဒီပလိုမာ၊ ဒီဂရီ၊ မဟာဘွဲ့ စတာတွေကို တက်ရောက်ဖို့ လိုအပ်တဲ့ တိုဖယ်လ်/တီဒဗလျူအီး (TOEFL/TWE) စာမေးပွဲတွေ၊ အက်စ်အေတီ ၁ (SAT I) နဲ့ အထွေထွေ ဂျီအာရ်အီး (GRE - General) စာမေးပွဲတွေမှာ အချိန်တို မိနစ် ၃၀ မှ ၄၅ မိနစ်အတွင်း ကျိုးကြောင်းပြ စာစီစာကုံး၊ စာတမ်းငယ်များကို ရေးသားသီကုံးဖို့ လိုအပ်လို့ပဲ ဖြစ်ပါတယ်။

ဒီလောက်ခက်ခဲတဲ့ စာတမ်းငယ်ရေးသားခြင်းကို အချိန်တိုအတွင်း အရည်အသွေးမီ ရေးသားနိုင်ဖို့ ဖြတ်လမ်းနည်းတစ်ခုတော့ ရှိပါတယ်။ ဒီနည်းကို ပညာရေး၊ လူမှုရေး၊ စီးပွားရေးဆိုင်ရာ နယ်ပယ်များမှာ အသုံးမပြုနိုင်ပေမဲ့ စာမေးပွဲများ ဖြေဆိုရာမှာ အချိန်တို (နာရီဝက် - မိနစ် ၄၀) အတွင်း အရည်အသွေးမီ စာတမ်းငယ်များ ရေးသားဖို့ အသုံးပြုနိုင်ပါတယ်။ ယခု ၃၇၇၃ (သရီး ဆဲဗင်း ဆဲဗင်း သရီး) လို့ အလွယ်ခေါ်ဝေါ်ကြတဲ့ စာတမ်းငယ်ရေးသားနည်းကို ဖော်ပြမှာဖြစ်ပါတယ်။

၃၇၇၃ ဆိုတဲ့ ဂဏန်း ၄ လုံးဟာ စာပိုဒ်လေးပိုဒ်မှာပါဝင်တဲ့ ၀ါကျကြောင်းရေကို ဖော်ပြတာဖြစ်ပါတယ်။ (ပုံမှန်အားဖြင့် ဒီနည်းနဲ့ ရေးတဲ့ စာတမ်းငယ်များဟာ စာလုံးရေ ၃၀၀ - ၄၅၀ ကြား ရေးသားသူရဲ့ စကားလုံး ကြွယ်ဝမှုပေါ်မူတည်ပြီး ရှိတတ်လို့ စာမေးပွဲများရဲ့ လိုအပ်ချက်နဲ့ ကွက်တိပါပဲ) ဆိုလိုတာက ပထမ နိဒါန်း စာပိုဒ်မှာ ၀ါကျ ၃ကြောင်း၊ ဒုတိယနဲ့ တတိယစာပိုဒ်များမှာ ၀ါကျ ၇ကြောင်းစီနဲ့ နောက်ဆုံး နိဂုံး စာပိုဒ်မှာ ၀ါကျ ၃ကြောင်း ပါဝင်ရမယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

အဆိုပါဝါကျများမှာ ဘာတွေ ရေးထည့်လိုက်ရမယ် ဆိုတာကို မပြောခင်မှာ စာမေးပွဲတွေမှာ မေးလေ့ရှိတဲ့ မေးခွန်းပုံစံကို ကြည့်ကြစို့။ များသောအားဖြင့် မေးလေ့ရှိတာက ကြိုတင်ပြင်ဆင်မှု မလိုအပ်တဲ့ အဖြေမှန်မရှိတဲ့ အထွေထွေ ၀ိရောဓိ မေးခွန်းတွေပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် သုတေသနလုပ်ငန်းများအနေနှင့် အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းရေး ဦးစားပေးသင့်သလား၊ အဆင့်မြင့် နည်းပညာများကို ရှာဖွေတွေ့ရှိရေး ဦးစားပေးသင့်သလား ဆိုတဲ့ မေးခွန်းမျိုးပဲ ဖြစ်ပါတယ်။

အထက်ပါ ဥပမာ မေးခွန်းအရဆိုရင် ပထမ နိဒါန်းစာပိုဒ်မှာ ဘာကိုရေးရမလဲဆိုတော့ (၁) ၀ိရောဓိကို အနက်ဖွင့်ပြတဲ့ စာကြောင်း (၂) အနက်ဖွင့်ပြတဲ့ စာကြောင်းကို ရှင်းပြချက် (၃) ဒီစာတမ်းမှာတော့ ဒီဝိရောဓိကို ချက်ကျလက်ကျ သုံးသပ်ပြမှာဖြစ်ပါတယ်ဆိုတဲ့ အကြောင်း တွေကို ရေးရမှာဖြစ်ပါတယ်။ မူကွဲတမျိုးမှာတော့ (၁) အခြေခံလိုအပ်ချက်ဟာ အရေးကြီးတယ်လို့ တချို့က ယူဆကြတယ် (၂) တချို့ကျတော့လဲ အဆင့်မြင့်နည်းပညာများပြည့်စုံရင် အခြေခံလိုအပ်ချက် အရေးမကြီးဘူးလို့ ပြောတယ် (၃) ဒီဝိရောဓိကို သုံးသပ်ပြမှာ ဖြစ်ပါတယ်လို့ ရေးခိုင်းကြပါတယ်။ ဒါကတော့ မေးခွန်းပေါ်မှာ မူတည်ပြီး သင့်တော်သလို လှည့်ပတ် ရေးသားရမှာ ဖြစ်ပါတယ်။

ဒုတိယစာပိုဒ်နဲ့ တတိယစာပိုဒ် ဖွဲ့စည်းပုံက တူတူပါပဲ။ ဘက်တစ်ဘက်စီကို စာပိုဒ်တစ်ပိုဒ်နဲ့ သုံးသပ်တင်ပြရတာဖြစ်ပါတယ်။ ပုံသေနည်းအရတော့ အဆိုတင်သွင်းဝါကျတစ်ကြောင်း၊ ဥပမာပြ၀ါကျတစ်ကြောင်းကျစီနဲ့နဲ့ အဆို ၃ ခုကိုတင်သွင်းပြီး အပိတ်စာကြောင်း တစ်ကြောင်း (စုစုပေါင်း ၇ ကြောင်း)ရေးရမှာဖြစ်ပါတယ်။ သို့သော်လဲ အနှစ်သာရအရတော့ အရေးအသား ကျမ်းကျင်ပိုင်နိုင်ရင် ပိုင်နိုင်သလို အဆို ၃ ခု မတင်သွင်းပဲ သင့်တော်သလို ဘက်တစ်ဘက်စီအတွက် စာတစ်ပိုဒ်စီ သုံးသပ်တင်ပြရင် ပြီးတာပါပဲ။ (စာရေးသူ ကိုယ်တိုင်ကတော့ ပုံသေနည်းကနေ နည်းနည်းခွဲထွက်ပြီး ရေးလေ့ရှိပါတယ်။ နို့မို့ဆို ကိုယ့်လို ပုံသေနည်းသုံးသူတွေ များနေရင် ပုံစံတူပြီး အမှတ်သိပ်မရမှာ စိုးလို့ ဖြစ်ပါတယ်။)

နောက်ဆုံးစာပိုဒ် (နိဂုံး) မှာတော့ (၁) ဒုတိယစာပိုဒ်ရဲ့ အချုပ် (၂) တတိယစာပိုဒ်ရဲ့ အချုပ်နဲ့ (၃) ကိုယ့်အမြင်ကို ရေးသားရမှာဖြစ်ပါတယ်။ ဘက်တစ်ဘက်စီရဲ့ စာပိုဒ်တွေရဲ့ အချုပ်ဆိုတာကတော့ ဥပမာအားဖြင့် က၊ ခ၊ ဂ တို့ကြောင့် အခြေခံလိုအပ်ချက်များ အရေးကြီးပါသည် ဆိုတာမျိုးပေါ့။ နောက်ဆုံး ကိုယ့်အမြင်ကတော့ ချုံကြည့်လိုက်ရင် အခြေခံလိုအပ်ချက်/အဆင့်မြင့်နည်းပညာက ပိုအရေးကြီးသည်ကို တွေ့ရှိရပါသည် ဆိုတာမျိုးဖြစ်ပါတယ်။ မူကွဲတမျိုးမှာတော့ တူတူပဲ အရေးကြီးပါတယ် ဒါမှမဟုတ် အခြေအနေပေါ် မူတည်ပါတယ်လို့ ရေးခိုင်းပါတယ်။ ဒါပေမဲ့လဲ အဲဒီလိုရေးတာက ကောင်းကျိုး ဆိုးကွက်တွေ ရှိပါတယ်။

ကောင်းတာကတော့ ခြံစည်းရိုးခွထိုင်တဲ့ အရေးအသားဟာ ကိုယ်နဲ့တူတူဖြေဆိုတဲ့လူတွေ ရေးသားမှာ မဟုတ်တဲ့အတွက် အမှတ်များများရတတ်ပါတယ်။ ဆိုးတာကတော့ ဘက်တစ်ဘက်စီကို သုံးသပ်တင်ပြတုန်းက တဘက်ဘက်က အားနည်းနေခဲ့ရင် တူတူပဲရေးသားတာဟာ ပညာရှင် မပီသသလိုဖြစ်တတ်တဲ့အတွက် အမှတ်လျော့တတ်ပါတယ်။

ဒီလောက်ဆိုရင်ဖြင့် စာရှုသူအဆွေတို့ ၃၇၇၃ ကိုအသုံးပြုလို့ စာတမ်းငယ်များ ချောချောမွေ့မွေ့ ရေးသားနိုင်လောက်ပြီထင်ပါတယ်။ တစ်ခု မမေ့ဖို့က ၃၇၇၃ ကို ၂ ခါ ၃ ခါလောက် စမ်းသပ်ရေးသားပြီးမှ တိုက်ပွဲဝင် (စာမေးပွဲဖြေ) ဖို့ပါပဲ။ ၃ - ၄ ခါလောက်လေ့ကျင့်ပြီးသွားရင် ထပ်လေ့ကျင့်စရာမလိုတော့ပဲ စာမေးပွဲတိုင်းကို ဖြေချင်တဲ့အချိန်။နေရာမှာ ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။ စာရေးသူ ရေးသားထားတဲ့ နမူနာ စာတမ်းငယ်တွေကိုလဲ ဖတ်ကြည့်လိုက်ပါဦးနော်။ (အားလုံးကို ၃၇၇၃ရေးနည်းဖြင့် မရေးထားပါ)

Impact of Media on Celebrities

Disclaimer: The followings are just an analytical essay for educational purposes only and may not reflect the blogger's opinion on the subject matter.

Movie and TV starts, famous vocalists, politicians, governors and royalties inevitably find that they lost their privacy. Some argue that the lost of privacy is, in fact, the price of their becoming public figure. However, some public figures and their spoke person insisted on maintaining their privacy. In this essay, we are going to analyze the arguments concerning privacy of public figures.

Once a person becomes a celebrity, it is intolerable that he may have a group of fans. The fans love their idol. They respect him. And they are curious of the detailed daily life of their celebrity as if caring parents aware of their child’s affairs. The only difference is that our celebrity is a famous adult who love his privacy. Most of the public understand not to interfere with other people’s affair but they love so deep and feel so familiar with the public figure that they forget the fact that the celebrity in question is a complete stranger to them.

On the other hand, too much curiosity can disturb any person’s individual life. If every detail of the actions and behavior of a celebrity had been recorded and published, he would – no doubt – lose his personal privacy. Privacy is one of the most fundamental human rights. If we are to be civilized, we should respect their individual privacy. For example, a famous pop-star can be a homosexual and, like every gay on earth, he would not like to announce this fact. He may want to keep it secret but his publicity attracts yellow journalists and it is revealed. To whom the pop-star would blame to?

Besides, interfering celebrities’ privacy can cause financial lost and sometimes even harm. A famous artist cannot walk home from work like any other normal personnel as he might run into exciting mob asking for autographs. In this case, he was unintentionally prohibited from walking back home which a typical worker can enjoy. Princess Diana’s death is also another vigorous example of the dark side of publicity interfering personal privacy.

Actually, success and publicity almost always leads to loss of privacy. But fans should be more aware that their idol is also a human being and he or she may want some liberty. Public and journalists should control themselves not to interfere too much into celebrities’ private life. However, public figures should understand that the inevitable price of becoming a big-one is the loss of privacy.

409 words (inclusive the headers)

Investment: to Hi-techs or to Basic Needs

Disclaimer: The followings are just an analytical essay for educational purposes only and may not reflect the blogger's opinion on the subject matter.

The statement, “governments should not invest more on higher technologies, like advance computing, electronic and/or weaponry, while some civilians suffer poverty”, can actually translated into “Macro-economics theories cannot be practiced when the country is under-developed.” In fact, macro-economists, who tend to solve the cause of a problem, and micro-economists, who prefer short-term remedies, fought the similar arguments over many decades. In this essay, I’d contrast the advantages of investing in hi-tech including computer, electronic and communications technologies over spending budget more in solving basic needs.

Basic needs arise from poverty, which, in turn, arises from lack of technologies. A country can never be developed until it obtains proper “technical-know-how” to prop its economy instead of “technical-no-how”. Allocating more budgets for solving basic needs is but a temporary solution as it does not solve the problem. However, spending more research funds in technical fields like computing, computer science and computer engineering is a permanent solution, gaining technological advancement which can solve, eventually in time, basic needs of the whole country.

For example, India government had spent millions of dollars to alleviate the poverty of farmers of remote regions. Despite the amount of funds India government spent over many decades, the farmers were still poor. Finally, India’s Department of Agriculture introduced a scheme where farmers can access the internet (free of charge) via a computer with a hand winding generator on back of wandering bicycles. They can only access internet only once, sometimes twice, a week. However, the farmers are more updated of the price-changes in the grocery market and the poverty problem was somewhat relieved.

Therefore, both spending directly for basic needs and investing in technical matters can help the civilians a lot. However, investment is a long-term and strategic decision whereas solving directly basic needs is a short-term and tactical decision. What amount of budget in percentage to be allotted to each depends on many other factors, including but not limited to country’s population, economic situation, politics and other factors.

337 words (inclusive the header)

Wednesday, August 15, 2007

အစဉ်အလာ တစ်ခုကို တော်လှန်ရာဝယ်။

လှောင်အိမ်တစ်ခုထဲမှာ ငှက်ပျောသီး တလုံးကို ကြိုးနဲ့ (ယူလို့မလွယ်အောင်) တန်းလန်း ချိတ်ဆွဲထားပြီး အဲဒီ ငှက်ပျောသီးအောက်မှာ (တက်ယူနိုင်ဖို့)လှေခါးတစ်စင်း ထောင်ထားပါတယ်။ နောက် အဲဒီလှောင်အိမ်ထဲကို မျောက် ၅ကောင်ကို ထည့်ပါတယ်။ မကြာခင်မှာပဲ အဲဒီ မျောက် ၅ကောင်ထဲက တစ်ကောင်က လှေခါးပေါ်တက်ပြီး ငှက်ပျောသီးကို ယူပါတော့တယ်။ အဲဒီလို ယူတဲ့အခါမှာ (နှစ်သက်စရာမကောင်းတဲ့)ရေအေးနဲ့ မျောက်အားလုံးကို ဖျန်းပါတယ်။ ခဏလေးနေတော့ နောက်ထပ် မျောက်တစ်ကောင်က ငှက်ပျောသီးကို တက်ယူပြန်ရော။ ယူတာနဲ့ ရေအေးကလဲ ဖျန်းတာပဲ။ သိပ်မကြာခင်မှာပဲ ငှက်ပျောသီးတက်ယူဖို့ ကြိုးစားတိုင်း အဲဒီမျောက်ကို ကျန်တဲ့ မျောက်တွေက ၀ိုင်းဆော်ကြပါတော့တယ်။

ရေအေးကို မဖျန်းတော့ပါဘူး။ မျောက်တကောင်ကို လဲလိုက်ပါတယ်။ အဲဒီမျောက်အသစ်က သေချာပေါက် ငှက်ပျောသီးကို တက်ယူဖို့ ကြိုးစားပါလေရော။ အဲဒီမှာ ကျန်တဲ့ မျောက် ၄ကောင်က သူ့ကို ၀ိုင်းနွှာပါလေရော။ သူလဲ နောက်ကျတော့ သဘောပေါက်သွားပါတယ်။ ဒါမျိုးယူရင် ဒီလိုအတီးခံရမှန်း။

အဲဒီမျောက် သဘောပေါက်သွားအပြီးမှာ နောက်မျောက်တကောင်ကို လဲပါတယ်။ သူလဲ ဘုမသိ ဘမသိနဲ့ အတီးခံရတာပဲ။ အဲဒီမှာ အံ့အားသင့်ဖို့ကောင်းတာက ခုနက ဘုမသိ ဘမသိ အတီးခံရတဲ့ကောင်ကလဲ ရေရေလည်လည် ၀င်နွှာနေတာပါပဲ။ ဆန်းတယ်နော်။ နောက် အဲဒီ ဒုတိယလဲတဲ့ မျောက် သဘောပေါက်သွားအပြီးမှာ တတိယတကောင်ကိုလဲပါတယ်။ ဒီလိုနဲ့ မျောက် ၅ကောင်လုံး လဲပြီးသွားတယ်။

၅ကောင်မြောက်မျောက်ကို လဲလိုက်တဲ့အချိန်မှာ လှောင်အိမ်ထဲမှာ ကျန်နေတဲ့ မျောက် ၄ကောင်က ငှက်ပျောသီးယူရင်သာ ၀င်ဝင်တီးနေတာ၊ ဘာကြောင့် တီးရမှန်း တစ်ကောင်မှ သိကြတာမဟုတ်ဘူး။ (ရေအေးနဲ့ ဖျန်းတဲ့အကြောင်းကို မသိကြဘူး) ဒါပေမဲ့လဲ တီးတာပဲ။ ဘယ်သူမှ တက်မယ်မလုပ်နဲ့။ စိတ်အားထက်သန်စွာနဲ့ကို တီးတာ။ ဒီစာတမ်းငယ်မှာ ကျန်တော်ဆွေးနွေးမဲ့ အစဉ်အလာဆိုတာ အဲဒါပါပဲ။

(ဆရာ) သိပ္ပ္ပံမောင်ဝ၊ (ဆရာ) ဇ၀န အစရှိတဲ့ ရှေးတုန်းက (တက္ကသိုလ်ကျောင်းနောက်ခံ) ၀တ္ထုတွေမှာ ကျောင်းသားသစ်တွေကို ကျောင်းသားဟောင်းတွေက ၀ိုင်းဝန်း ချောက်ချကြပါတယ်။ ကျန်တော်ဆက်တွေးမိတာက အဲဒီချောက်ချကြတဲ့ ကျောင်းသားဟောင်းတွေ တချိန်ကလဲ ကျောင်းသားသစ် (ဂျူနီယာ) အဖြစ်နဲ့ ပိုပြီး စောတဲ့ (စီနီယာကျတဲ့)ကျောင်းသားတွေရဲ့ ချောက်ချတာကို ခံခဲ့ရဖူးမှာပါပဲ။ သူတို့အဲဒီလို ချောက်ချခံရတာကို နှစ်သက်ကြသလား။ မနှစ်သက်ကြဘူးဆိုရင် ကိုယ်ကျောင်းသားဟောင်း (စီနီယာ)ဖြစ်လာတဲ့အခါမှာ ကျောင်းသားသစ် (ဂျူနီယာ)တွေကို ဘာလို့ ချောက်ချကြသလဲ။

အဖြေကတော့ ပရိုင်းမိတ်အားလုံး (မျောက်ဝံ၊ လူဝံ၊ မျောက်အမျိုးမျိုးနဲ့ လူ) ရဲ့ အရည်အသွေးတစ်ခု ဖြစ်ပုံရတဲ့ အစဉ်အလာကို လိုက်နာလိုခြင်းကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ ပြောမို့သာ ပြောနေတာပါ။ တက္ကသိုလ်ကျောင်းသားတွေမှ မဟုတ်ပါဘူး။ လောကမှာရှိတဲ့ လူတိုင်းလိုလို အကြောင်းရင်းကို နားမလည်ပဲနဲ့ ရူးသွပ်တဲ့ အစဉ်အလာကို (လုပ်နေကျမို့လို့ဆိုတဲ့ အကြောင်းပြချက်နဲ့) လိုက်နာနေကြတာပါပဲ။ ဒီစာတမ်းငယ်မှာ ရူးသွပ်မိုက်မဲတဲ့ အစဉ်အလာတစ်ခုကို ဆန့်ကျင်တော်လှန်ဖို့ ဘာတွေလိုမလဲဆိုတာကို အဆိုပြုတင်ပြမှာဖြစ်ပါတယ်။ အဆိုပြုချက်တွေဟာ အမှန်တရားနဲ့ နီးစပ်မှုရှိ^မရှိကို တတ်နိုင်သလောက် စမ်းသပ်ကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်။

ပထမဆုံး လိုအပ်ချက်ကတော့ အဆင့်မြင့်မားတဲ့ အသိဥာဏ်ပဲ ဖြစ်ပါတယ်။ နောက်တမျိုး စကားလုံး လှည့်ပြောင်းသုံးရမယ်ဆိုရင် ရူးသွပ်မိုက်မဲတဲ့ အစဉ်အလာတစ်ခုကို တော်လှန် ဆန့်ကျင်ဖို့အတွက် ဒီအစဉ်အလာရဲ့ အကြောင်းရင်းကို နားလည်၊ အဲဒီအကြောင်းရင်းဟာ ဆီလျော်မှု မရှိတော့ဘူးဆိုတဲ့ သတင်းအချက်အလက်ကို ရရှိပြီး ဒီအစဉ်အလာဟာ မလိုအပ်တော့ဘူးလို့ ကောက်ချက်ဆွဲ သိရှိနိုင်မဲ့ လူတစ်စု လိုအပ်ပါတယ်။ အပေါ်က ဥပမာမှာ နောက်မှ ရောက်လာတဲ့ မျောက်လေးကောင်သာ (၁) ဒီလို ငှက်ပျောသီးယူတိုင်း ၀ိုင်းတိုက်ခိုက်တာဟာ ရေအေးနဲ့ ဖျန်းခံရမှာမို့ ကာကွယ်တာဖြစ်တယ်ဆိုတဲ့ အကြောင်းရင်း (၂)ရေအေးနဲ့ ဖျန်းပက်ခြင်း ခံရတော့မှာ မဟုတ်ဘူး ဆိုတဲ့ သတင်းအချက်အလက်နဲ့ (၃) ဆက်လက် ကာကွယ်ဖို့ မလိုအပ်တော့ဘူးဆိုတဲ့ အသိဥာဏ်များသာ ရှိခဲ့မယ်ဆိုရင် ၀ိုင်းဝန်း တိုက်ခိုက်တာကို ရပ်ပစ်လိုက်ဖို့ ကြိုးစားကောင်း ကြိုးစားမှာ ဖြစ်တယ်။

ဒုတိယ လိုအပ်ချက်ကတော့ ပရိုင်းမိတ်သာသာ စိတ်ဓာတ်တစ်ခုဖြစ်တဲ့ လက်စားချေလိုခြင်းနဲ့ ပုံစံချင်း ဆင်ဆင်တူတဲ့ စိတ်ဓာတ်တမျိုးကို ထိန်းသိမ်းဖို့ သူ့ထက် အဆင့်မြင့်မားတဲ့ အသိစိတ်ရှိဖို့ လိုအပ်ပါတယ်။ စကားပြေ ပြန်ပြရရင် အထက်ပါ အသိဥာဏ်အပြင် ငါလဲ တလှည့်ပြန်လုပ်ပြီး အစဉ်အလာကို ထိန်းသိမ်းလိုက်မဟဲ့ဆိုတဲ့ ခပ်ရိုင်းရိုင်း အသိစိတ်မျိုးကို ထိန်းချုပ်ထားပြီး ဒီအစဉ်အလာဟာ ရူးသွပ် (ပြီး မလိုအပ်တော့) တဲ့အတွက် ငါနောက်မျိုးဆက်တွေကို လက်ဆင့်မကမ်းသင့်ဘူး၊ ရပ်ပစ်ရမယ်ဆိုတဲ့ အသိစိတ်လိုအပ်ပါတယ်။ တက္ကသိုလ် ကျောင်းသား ဥပမာမှာ ဒီလိုချောက်ချတာဟာ လူယဉ်ကျေးတွေ မလုပ်သင့်တဲ့ ကိစ္စရပ်မို့လို့ နောက်မျိုးဆက်သစ်တွေ ဆက်မလုပ်အောင် ကိုယ်တိုင်က သူတို့ကို ချောက်မချပဲ (သူတို့ကို နမူနာပြ သင်မပေးပဲ) ကိုယ့်လက်ထက်မှာ ရပ်လိုက်ဖို့ပဲ ဖြစ်ပါတယ်။

ဒီလိုအပ်ချက်နှစ်ခု (အသိဥာဏ်နဲ့ အသိစိတ်) ဟာ ကျန်တော်တို့ ဦးတည်ချင်တဲ့ လူသားများထက် ပိုမို လူသားဆန်သော လူသား အဖွဲ့အစည်းကို တည်ဆောက်ရာမှာ အရေးပါပါတယ်။ (အထက်ပါ စကားရပ်တွင် ပထမ လူသား ဆိုသော စကားလုံးသည် သက်ရှိသတ္တ၀ါဖြစ်သော လူပီသစွာ လောဘ၊ ဒေါသ၊ မောဟများ ဖုံးလွှမ်းနေသော အပြစ်မကင်းသည့် ပုံမှန်လူသားများကို ရည်ညွှန်းပြီး ဒုတိယ လူသားဆန် ဆိုသော စကားလုံးမှာ တိရိစ္ဆာန်များထက် သာလွန်သော စဉ်းစားဥာဏ်ရှိသော လူသားဆန်မှုကို ရည်ညွှန်းသည်။) အသိဥာဏ်မရှိရင် အသိစိတ်မဖြစ်ပေါ်နိုင်သလို အသိစိတ်မပါတဲ့ အသိဥာဏ်ဟာလဲ ရူးသွပ် မိုက်မဲသော အစဉ်အလာများကို မရပ်တန့်နိုင်ပါ။

အချုပ်အားဖြင့်ဆိုသော် လူသားများထက် ပိုမိုလူသားဆန်သည့် လူ့အဖွဲ့အစည်းကို တည်ဆောက်ရန် ရူးသွပ်မိုက်မဲသော အစဉ်အလာတစ်ရပ်ကို တော်လှန်ရာဝယ် အဆင့်အတန်း မြင့်မားသော အသိဥာဏ်နှင့် ယဉ်ကျေးသော အသိစိတ်တို့ လိုအပ်ကြောင်း ခိုင်ခိုင်မာမာ အဆိုပြုလိုပါသည်။ နောက်စာတမ်းငယ်(များ)တွင် အဆိုပါ လူသားများထက် ပိုမိုလူသားဆန်သော လူ့အဖွဲ့အစည်းအတွက် အရေးပါသည့် အသိဥာဏ်နှင့် အသိစိတ်များ ဖြစ်ပေါ်လာအောင် လိုအပ်သော အခြေခံ လိုအပ်ချက်များနှင့် အဆိုပါ အခြေခံ လိုအပ်ချက်များ ကိုမွေးမြူပျိုးထောင်ခြင်းတို့ကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ပါသည်။

လိင်အရ (ပြောင်းပြန်) ခွဲခြားဆက်ဆံခြင်းနှင့် မြန်မာ့လူ့အသိုက်အ၀န်း

တစုံတရာအရ (ဥပမာအားဖြင့် အသက်အရွယ်၊ ကျားမ နှင့် လူမျိုး၊ ဘာသာရေးအရ) တစုံတဦး (သို့မဟုတ် လူတစ်စု) ကို အခြားသူများနှင့် အခွင့်အရေး တန်းတူမပေးခြင်းကို ခွဲခြားဆက်ဆံခြင်း (Discrimination) ဟု သုံးနှုန်းလေ့ ရှိကြသည်။ အပြန်အလှန်အားဖြင့် (ပြောင်းပြန်) ခွဲခြားဆက်ဆံခြင်း (Reverse Discrimination) ကိုမူ တစုံတခုအရ ခွဲခြားဆက်ဆံခြင်းကို တားဆီး၊ ကာကွယ်ရန်အလို့ငှာ ပြဌာန်းထားသည့် (သို့မဟုတ် ဖန်တီး တည်ဆောက်ထားသည့် လုပ်ထုံး လုပ်နည်းများ) ဥပဒေများကြောင့် ယခင်က ပစားပေးခံရသော လူများစုအတွက် အခွင့်အရေးများ လက်လွတ်ဆုံးရှုံးရသော အခြေအနေဟု အနက်ဖွင့်လေ့ရှိပါသည်။

မြန်မာ့လူ့အသိုက်အ၀န်းဆိုသည်မှာ မြန်မာများ တန်ဖိုးထားကြသော စံနှုန်း၊ စံသတ်မှတ်ချက်များကို လက်ခံ လိုက်နာ ကျင့်သုံးသော မည်သည့် လူ့အဖွဲ့အစည်းကိုမဆို ရည်ညွှန်းပါသည်။ ယခုဆောင်းပါးတွင် မြန်မာ့လူ့အသိုက်အ၀န်းအတွင်းတွင် လိင်အရ ခွဲခြားဆက်ဆံခြင်း၊ ၄င်းကြောင့် ဖြစ်ပေါ်လာရသော လိင်အရ (ပြောင်းပြန်) ခွဲခြားဆက်ဆံခြင်း အကြောင်းကို ဆွေးနွေးမည်ဖြစ်သည်။

တစုံတခုအရ (ပြောင်းပြန်) ခွဲခြားဆက်ဆံခြင်းနှင့် ပတ်သက်ပြီး ယခင်က ဆွေးနွေးခဲ့ဖူးခြင်း ရှိ/မရှိ စာရေးသူ မသိပါ။ အမှန်အားဖြင့်ဆိုလျင် (တစုံတခုအရ) ခွဲခြားဆက်ဆံခြင်းကို နည်းပါးစေရန် ဥပဒေတစ်ခု (သို့မဟုတ် ရေးချမထားသော ပြဌာန်းချက်များ) ရှိတိုင်း ရှိတိုင်းတွင် (ပြောင်းပြန်) ခွဲခြားဆက်ဆံခြင်း အနည်းနှင့် အများ ရှိစမြဲဖြစ်သည်။ ဥပမာအားဖြင့် အမေရိကန် ပြည်ထောင်စု အချို့ပြည်နယ်များတွင် ဒေသခံ လူနီ (လူနည်းစု) ကို ကာကွယ်ရန်အတွက် အလုပ်အကိုင်၊ ပညာသင်ယူခွင့်တို့ကို အမှန်တကယ် အရည်အချင်း မပြည့်စုံပဲ ပေးလေ့ရှိရာ အမှန်တကယ် အရည်အချင်း ပြည့်စုံသော လူဖြူများနှင့် (အချို့ အာရှတိုက်သားများ) အနှိမ်ခံရသလို ဖြစ်လေ့ရှိလေသည်။

မြန်မာ့ လူ့အသိုက်အ၀န်းတွင် လိင်အရ ခွဲခြားဆက်ဆံခြင်းသည် ပေါ်ပေါ်ထင်ထင် မရှိချေ။ သို့ရာတွင် သိုဝှက်သော ပုံစံဖြင့် တည်ရှိလျက်ရှိသည်။ ဆိုလိုသည်မှာ အမျိုးသမီးနှင့် အမျိုးသားကို စာတတန် ပေတတန်ဖြင့် ခွဲခြား အခွင့်အရေး ပေးခြင်းမျိုး မရှိသော်ငြား သတ်မှတ် စံနှုန်းများအရ ခွဲခြား ဆက်ဆံခြင်း အထိုက်အလျောက်ရှိလေသည်။ ဥပမာအားဖြင့် အမျိုးသမီးတစ်ဦးသည် အချက်အပြုတ် မကျမ်းကျင်လျင် လူကဲ့ရဲ့ ခံရနိုင်သော်လည်း အဆိုပါ အရည်အချင်းကို အမျိုးသားတစ်ဦးအနေနှင့် မရှိမဖြစ် ပိုင်ဆိုင်ရန်မလိုပေ။ (ပြောင်းပြန် ဥပမာမှာ ကားပြင်ခြင်း၊ မီးလုံးလဲခြင်း စသည်)

ထို့အပြင် အမျိုးသမီးများကို အားနွဲ့သူများအဖြစ် မြန်မာ့လူ့အသိုက်အ၀န်းက သတ်မှတ်လိုက်ခြင်းဖြင့် အမျိုးသမီးနှင့် အမျိုးသား ရင်ဘောင်တန်း အလုပ်လုပ်ရာတွင် အလုပ်မတွင်စေပဲ ကုန်ထုတ်စွမ်းအားကို ကျဆင်းစေနိုင်သေးသည်။ ဆိုလိုသည်မှာ လုပ်ငန်းခွင်တွင် အခြေအတင် ငြင်းခုန်စရာများ (သို့မဟုတ် အလုပ်တာဝန် ခွဲဝေစရာများ)ဖြစ်ပေါ်လာပါက အမျိုးသမီးနှင့် ဖက်ပြိုင်ရန်ဖြစ်သည့် အခြေအနေသို့ မည်သည့် ယောက်ျားသားမှ မရောက်လိုကြ။ သို့ဖြစ်ရကား ပင်ပန်းဆင်းရဲသော အလုပ်နေရာများကို အမျိုးသားတို့ လုပ်ရသည်မှာ များပေသည်။ ပိုဆိုးသည်မှာ အချို့ ပင်ပန်းသော အလုပ်များကို အမျိုးသမီးများ မလုပ်နိုင်သည်မှာ မှန်သော်လည်း အများစု အလုပ်များသည် အမျိုးသမီး/အမျိုးသား မရွေး လုပ်ကိုင်နိုင်ကြသည်။ သို့ရာတွင် အမျိုးသမီးများ လုပ်လေ့မရှိသော အစဉ်အလာမဟုတ်သည့် အလုပ်များကို အမျိုးသမီးများ လုပ်ကိုင်လေ့မရှိ (ဥပမာအားဖြင့် လှေခါးဖြင့် အပေါ်သို့တက်ကာ စာအုပ်ကဲ့သို့သော ပေါ့ပါးသည့် ပစ္စည်းများ ယူခြင်း)။

အမျိုးသမီးများကို အားနွဲ့သူများအဖြစ် သတ်မှတ်ခြင်း၏ နောက်အကျိုးဆက်တစ်ခုမှာ အများပိုင် ပစ္စည်းများကို ခွဲဝေသုံးစွဲရာတွင် (ဥပမာ ရထား၊ ကားထိုင်ခုံနေရာများ)ရေးချမထားသော သတ်မှတ်ချက်များ ရှိနေခြင်းပင်ဖြစ်သည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးကို နေရာပေးရခြင်းကို မှတ်ချက်မပေးလိုသော်လည်း သန်သန်မာမာ အမျိုးသမီး၊ အမျိုးသား ၂ယောက်တွင် အမြဲတမ်း အမျိုးသမီးက နေရာရနေခြင်း နှင့် အထက်ကပြောခဲ့သော ကျား/မမရွေးသည့် အလုပ်တချို့ကို အမျိုးသမီးများ ဘယ်တော့မှ မလုပ်ခြင်းသည် ယခု စာရေးသူ ထောက်ပြ ဝေဖန် ပြောဆိုလိုသည့် လိင်အရ (ပြောင်းပြန်) ခွဲခြားဆက်ဆံခြင်း တစ်မျိုးပင်ဖြစ်သည်။

အဆိုးရွားဆုံး ပြဿနာမှာ ဆူးကျဖက်ပေါက် ဖက်ပေါက်ဆူးကျ ဟူသော စကားပုံပင်ဖြစ်သည်။ အဆိုပါ စကားပုံအရ လိင်ကိစ္စနှင့်ပတ်သက်လျင် မြန်မာ့ လူ့အသိုက်အ၀န်း၏ စံများအရ အမျိုးသမီး၊ အမျိုးသား အခွင့်အရေး တန်းတူ မရကြောင်း သိသာ ထင်ရှားသည်။ ဆိုလိုသည်မှာ မှားယွင်းမှု တစ်ခု အတွက် အမျိုးသမီးများက အမျိုးသားများထက် ပိုမို ပေးဆပ်ရ (ကဲ့ရဲ့ အပြစ်တင်ခံရ)လေ့ ရှိတတ်သည်။ ပိုဆိုးသည်မှာ အမျိုးသားများနှင့် လက်ပွန်းတတီးနေခြင်း (အလုပ်သဘောအရ၊ ခင်မင်မှုအရ)၊ ပွင့်ပွင့်လင်းလင်း ပြောဆို ဆက်ဆံခြင်းနှင့် အိမ်ပြန်နောက်ကျခြင်း စသည်များကိုပါ (အကြောင်းရင်း အဖြစ်နှင့်) လိင်ကိစ္စနှင့် ရောထွေးရှုမြင်ကြခြင်း ဖြစ်လေသည်။

စာရေးသူ တွေ့မြင်ဖူးသော ဖြစ်ရပ်တစ်ခုတွင် ကျောင်းသား၊ ကျောင်းသူတစ်စုက ဘာသာရပ်ဆိုင်ရာ စီမံကိန်းတစ်ခုကို ရေးဆွဲရသည်။ လူစုံအောင် စောင့်ရသဖြင့် နေ့လည်မှ အလုပ်စလေ့ရှိသည်။ အိမ်ပြန် နောက်ကျမည်စိုးသဖြင့် ကျောင်းသူများက ညနေ ၄ နာရီ ထိုးလျင် အိမ်ပြန်လေသည်။ ကျောင်းသား ၁ ဦး၊ ၂ ဦးတည်း ကျောင်းရှိ လက်တွေ့ခန်းတွင် အလုပ်ဆက်လုပ်ရသည်။ ကွင်းကွင်းကွက်ကွက် ပြောရလျင် လူ ၅ ယောက်၊ တရက် ၈ နာရီခန့် လုပ်ရမည့်အလုပ်ကို လူ ၂ယောက်နှင့် တပိုင်းက တရက် ၆ နာရီမပြည့်တပြည့်သာ လုပ်တော့သည်။ သည်လိုဆိုတော့ ဘယ်မှာလျင် အဆင့်အတန်းမီ ကောင်းမွန်သော စီမံကိန်း ထွက်လာပါမည်နည်း။ (နောက်တော့ စာမေးပွဲ ကျကုန်ကြလေသည်။)

ထပ်မံထောက်ပြလိုသော ကိစ္စရပ်တစ်ခုမှာ ဆွေမျိုးမတော်သော အမျိုးသား/အမျိုးသမီးများ တမိုးအောက်တွင် မနေ (လို) ကြခြင်းပင်ဖြစ်သည်။ အကြောင်းရင်းကို စစ်လိုက်သော် ဘာမဟုတ်သာ ဆူးကျဖက်ပေါက်ကို ကာကွယ်ခြင်းပင်ဖြစ်သည်။ လူနေမှု စားရိတ်နည်းပါးသော အရပ်ဒေသများတွင် မသိသာသော်လည်း (စင်ကာပူ၊ ဟောင်ကောင်၊ တိုကျို၊ နယူးယောက် စသော) လူနေမှု စားရိတ်ကြီးမြင့်သော ဒေသများတွင် ဆွေမျိုးမဟုတ်သောလူများ အတူတူစုနေမှ အဆင်ပြေမည်ဖြစ်ရာ မြန်မာ့လူ့ အသိုက်အ၀န်းတွင် အိမ်ငှား အလိုရှိသည် (မိန်းကလေးသာ) ဆိုသော ကြော်ငြာများမှာ တွေ့မြင်နေကျ ဖြစ်သော်လည်း ၄င်း၏ ပြောင်းပြန် အိမ်ငှား အလိုရှိသည် (ယောက်ျားလေးသာ) ဆိုသော ကြော်ငြာမှာ အနောက်အရပ်က နေထွက်သည့်နှယ် တွေ့မြင်ဖို့ မဖြစ်နိုင်သလောက်ရှိလေသည်။

အကျိုးရလဒ်ကား လိင်အရ (ပြောင်းပြန်) ခွဲခြားဆက်ဆံခြင်းပင်တည်း။ အမျိုးသားများအဖို့ နေစရာပင် ရှာမရသဖြင့် တိုးဝှေ့ ပြွတ်သိပ် နေနေရလင့်ကစား အမျိုးသမီးများမှာ နေစရာ တပုံတပင် ရှိသည်ဟုပင် ဆိုရမည်။ ဖြစ်ရပ်တစ်ခုတွင် စာရေးသူ၏ မိတ်ဆွေ တစ်ဦးက စာရေးသူအား နင်တို့က ဘယ်နေရာနား ခွေခွေ ခေါက်ခေါက် ထိုးထည့်လိုက်လို့ ရတယ်ဟု ပြောဖူးသည်။ ကြိုတင် ဆုံးဖြတ်မှု (စမနကြိငခန) မပါပဲ စဉ်းစားမည်ဆိုပါက အမျိုးသားများသည်လဲ လူသားများပင်ဖြစ်သဖြင့် သူပြောသလို ခွေခွေ ခေါက်ခေါက် ဖြစ်သလို ပြွတ်သိပ် ကျပ်ညှပ်နေသော (စာရေးသူအကြိုက်ဆုံး စကားစုဖြစ်သည့် ၀က်များကဲ့သို့နေရသည့်)နေရာတွင် နေလိုမည်မဟုတ်သည်မှာ မြေကြီးလက်ခတ်မလွဲ။

စာရှုသူ အဆွေ၊ သင်ယုံကြည်သော စံနှုန်း၊ စံသတ်မှတ်ချက်များကို ခေတ္တမေ့ထားလိုက်ပါ။ စာရေးသူ ပြောမည့် မြင်ကွင်းကို တချက် ပုံဖော်ကြည့်ပါ။ လူတစ်စုရှိသည်။ အဆိုပါ လူစုတွင် တ၀က်သော လူတို့သည် အခြားသော တ၀က်ကို အများပြည်သူဆိုင်ရာ နေရာများ (ကား၊ ရထား စသည်) တို့တွင် နေရာကောင်းကို ပေးရလေ့ရှိသည်။ (ပင်ပန်းဆင်းရဲသော) အလုပ်အများစုကို တ၀က်သော လူတို့သည် ကျန်တ၀က်ကို မလုပ်စေပဲ လုပ်ပေးရလေ့ရှိသည်။ (ကျန်တ၀က်က ဘယ်တော့မှ မလုပ်) တ၀က်သော လူတို့သည် ၀က်တို့၏ တင်းကုပ်ကဲ့သို့ ပြွတ်သိပ် ကျပ်ညှပ်နေသော အိမ်ခန်းများတွင် နေရပြီး ကျန်တ၀က်သည် မိမိ စိတ်ကြိုက်ရွေးချယ်ထားသော အိမ်ခန်းများတွင် သက်သာချောင်ချိစွာနှင့် နေနေရသည်။ အဆိုပါ မြင်ကွင်းသည် တရားမျတပါ၏လော။

အကယ်၍သာ တရားမမျတဟု အဆွေ ထင်မြင်ခဲ့ပါလျင် မည်သည့်အရာသည် တရားခံဖြစ်ပါသနည်း၊ တရားမျတအောင် အဆွေ မည်သို့ ဆောင်ရွက်မည်နည်း။ စာရေးသူအနေနှင့် အကောင်အထည်ဖော် ဆောင်ရွက်၍ ဖြစ်နိုင်သော အဖြေ (Solution) ကို သိလိုလှပါသည်။