Pages

Tuesday, January 29, 2008

ကြယ်ငါးကောက်သူရဲ့ လွမ်းချင်း

သတ္တိမရှိဘူး၊ အမှန်တရားနဲ့ အရှိတရားကို မရင်ဆိုင်ဝံ့ဘူးပဲ ပြောချင်ပြော၊ ကိုယ်ကတော့ ကြယ်ငါးအားလုံးကို ကိုယ်တိုင် ကောက်ချင်တယ်။ အောက်မှာကတော့ ဒီနေ့ရေးတဲ့ ကဗျာ။

ကြယ်ငါးကောက်သူရဲ့ လွမ်းချင်း

ကမ်းခြေက ကြယ်ငါး
သေသွားမှာ စိုးရိမ်လို့
ငါကောက်ခဲ့ ...

မှန်းလေရဲ့ ရင်ထဲ
နေမြဲစေ ရှင်သန်ခွင့်
ငါပေးချင်ခဲ့ ...

လွမ်းနေပြီး ကျန်ခဲ့
ငါမမြင်တဲ့ ကြယ်ငါးက

လမ်းမမြင် ပင်လယ်ထဲ
ငါကယ်တဲ့ ကြယ်ငါးကို

စကားနာထိုးလိမ့်မလား ...
အို ... မကယ်နိုင်ရင် မမြင်လို။

1 comment:

  1. မြင်သလောက် ကယ်ကြတာပေါ့ဗျာ။ မြင်ပြီး မကယ်.. ကျော်ခွ တက်နင်းသွားတဲ့ လူတွေထက်တော့ တန်ဖိုး ရှိနေမှာပါဗျာ။

    ReplyDelete