ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။

Sunday, September 13, 2009

အငြင်းအခုန်ကိစ္စ

BLUE SKY FOREST တွင်ဖော်ပြခဲ့ဖူးသော ဆောင်းပါးကို လောရှည် - ကတဲ့ပွဲ၏ မူနှင့် ကိုက်ညီသဖြင့် မူရင်းရေးသားသူ၏ ခွင့်ပြုချက်အရ (သတ်ပုံသတ်ညွှန်း အနည်းငယ် ပြင်ဆင်သည်မှအပ) မူရင်းအာဘော်အတိုင်း ပြန်လည် ဖော်ပြအပ်ပါသည်။

အငြင်းအခုန် ဆိုတာကို ကျွန်တော်တို့မြန်မာတွေက ကောင်းတဲ့သဘောထက် ဆိုးတဲ့သဘော ဒါမှမဟုတ် မကောင်းတဲ့လက္ခဏာဆောင်တဲ့ကိစ္စလို့ ယူဆထားပုံရပါတယ်။ လူကြီး အများစုက ကလေးတွေ အငြင်းအခုန် လုပ်နေရင်မကြိုက်ကြပါဘူး။ မငြင်းခုန်ကြဖို့သတိပေးပါတယ်၊ တားမြစ်ပါတယ်၊ ချိန်းခြောက်ပါတယ်။ တချို့ ဆိုအပြစ်ပေးတဲ့အထိ၊ နာကျင်စေတဲ့အထိတောင် တုံ့ပြန်တတ်ကြပါတယ်။ သူတို့ရဲ့  အဲဒီလိုဆောင်ရွက်မှုကို "ဆုံးမခြင်း" ဆိုတဲ့ခေါင်းစဉ်အောက်မှာ အလွယ်တကူပဲ သူတို့က ထည့်ထားတတ်ကြပါတယ်။ အနိမ့်ဆုံးအဆင့် ကလေးတွေ အငြင်းအခုန်လုပ်တာ သူတို့အတွက် ဆူတယ်၊ နားပူစေတယ်၊ အနှောက်အယှက်ဖြစ်စေတယ်ပေါ့။

နောက်တချက်ကတော့ အငြင်းအခုန်ကနေဖြစ်လာတတ်တဲ့ သဘာဝ (တစ်ခုဖြစ်တဲ့) ရန်ဖြစ်တဲ့ကိစ္စပါ။ အငြင်းအခုန် မလုပ်ခင်ကတော့မိတ်ဆွေ၊ အငြင်းအခုံမှာမပြေလည်ရာက နောက်ပိုင်းမှာ ရန်သူသဘောဆောင်သွားတာတွေကို မလိုလားအပ်တဲ့ကိစ္စလို့ ကျွန်တော်တို့လူကြီးတွေသဘောထားတတ်ကြပါတယ်။ တကယ်တော့ ဒါဟာဖြစ်တတ်တဲ့ သဘာဝတစ်ခုမို့ မလိုလားအပ်တဲ့ကိစ္စလို့ သဘောထားမယ့်အစား သတိထားသင့်တဲ့ကိစ္စ၊ သတိနဲ့ငြင်းခုန်သင့်တဲ့ကိစ္စလို့ သဘောထားလိုက်ရင် အငြင်းအခုန်ကိစ္စဟာ တိုးတက်မှုတစ်ခုအဆင့်ရောက်သွားပါလိမ့်မယ်။ဲဒီသတိတစ်ချက်မထားမိတာနဲ့ပဲ ငြင်းခုံမှုဟာ လူအများငြိုငြင်စရာကိစ္စ ဖြစ်လာရတယ်လို့ထင်ပါတယ်။ ဒီလိုနဲ့ မြန်မာလူငယ်တွေရဲ့ ငြင်းခုံလိုစိတ်နဲ့ ငြင်းခုန်တဲ့သဘာဝဟာ လူကြီးတွေရဲ အဟန့်အတားအောက်မှာ ကောင်းကောင်းထွန်းကားခွင့်မရခဲ့ဘူးလို့ဆိုပါရစေ။

တကယ်တော့ အငြင်းအခုန်လုပ်တာကို စံနစ်တကျနဲ့ ထွန်းကားလာအောင်လုပ်ပေးဖို့ လူကြီးတွေမှာ တာဝန်ရှိပါတယ်။ ရန်များတဲ့ကိစ္စ၊ ဆူတဲ့ပူတဲ့ကိစ္စလို့သဘောမထားပဲ အဖြေမှန်တခု ထွက်လာအောင်၊ ပိုကောင်းတဲ့အရာတခု ရလာအောင် အမြင်မတူတာတွေကိုပေါင်းစပ်နိုင်အောင်၊ တဘက်နဲ့တဘက်နားလည်ပေးနိုင်အောင်၊ သဘောထားတတ်လာအောင်၊ မတူညီတဲ့အမြင်ကို တန်ဘိုးထားတတ်လာအောင်၊ အငြင်းအခုံကနေ နှစ်ဘက်အကျိုးအမြတ်ရလာအောင်၊ နည်းမှန် လမ်းမှန်နဲ့ ပြုပြင်ပေးရင်၊ အမျှော်အမြင်နဲ့ ပျိုးထောင်ပေးရင်၊ ဒီအလေ့အကျင့်က ခိုင်မာထွန်းကားလာခဲ့ရင်၊ အသိဥာဏ်ပွင့်လင်းပြီးတိုးတက်တဲ့ ယဉ်ကျေးမှုနယ်ပယ် တခုကိုတည်ဆောက်နိုင်ပါလိမ့်မယ်။

အခုလိုပြောရတာက တိုးတက်ထွန်းကားပြီး ဒီမိုကရေစီနဲ့ ပွင့်လင်းတဲ့လူ့အဖွဲ့ အစည်းတွေဟာ ဒီလိုအလေ့အကျင့်ကောင်းတွေကိုအားပေးကြတယ်ဆိုတဲ့အချက်ကိုအခြေခံပြီးပြောနေတာပါ။ကောင်းကောင်းမွန်မွန်ငြင်းတတ်တယ်ဆိုတာက ယဉ်ကျေးမှုတခုပဲလို့သဘောထားနိုင်ကြဖို့ပါ။လူကြီးတွေကြောင့်အခုလိုဖြစ်ရတာဆိုတဲ့အချက်ကို အငြင်းအခုန်လုပ်ချင်နေတာမဟုတ်ပါဘူး။

ဒါပေမယ့်ငြင်းခုံစရာအချက်တွေပါနေရင် မိတ်ဆွေတို့က ထောက်ပြလာမယ့်အချက်တွေကိုဆက်ပြီး (စာရေးသူ Blue Sky Forest က) ဆွေးနွေးသွားပါ့မယ်။ ဆက်ပြီးငြင်းခုန်နိုင်ကြဖို့ခဏနားလိုက်ပါဦးမယ်။ပြောစရာတွေရှိနေပါသေးတယ်။

Blue Sky Forest

3 comments:

ဓရ်အံင်ဇျာန် ထင်အောင်ဈာန် said...

မြန်မာ့လူမှုအဖွဲ့အစည်းမှာ အဲဒီအယူအဆက စွဲမြဲလွန်းလို့ အလေ့တစ်ခုလိုတောင် ဖြစ်နေပြီ။ ရွယ်တူချင်း အငြင်းအခုန်က တော်သေးတယ်။ ကိုယ့်ထက်အသက်နဲနဲကြီးတဲ့လူတွေ (အထူးသဖြင့် ဘုန်းကြီး၊ မိဘ၊ ဆရာတွေ) နဲ့သာ အငြင်းအခုန် ဖြစ်မယ်ဆို သေချာတယ် ခင်ဗျားအရှုံးပေးရဖို့ ရာနူန်းများမယ်ဆိုတာ။ လိုအပ်တာထက် အရိုအသေ ပိုခံချင်ကြတဲ့ စိတ်ဓာတ်ကို ပြင်မှဗျို့။

Nai said...

ဗမာတွေ ငြင်းကြတာက...
ငါ့ စကားနွားရ...အနိုင်လိုချငိလို့ ငြင်းကြတာ..
များတယ်လေ..
လုပ်ငန်းမှာ..ပိုမိုတိုးတက်ဖို့ ...
ငြင်းတာနဲတယ်လေ..။

သစ္စာ | သ​စ်စာ said...

Bro. Can I use this article on peoplemediavoice.net?