ရှေးအစဉ်အလာကို ဖက်တွယ်ထိန်းသိမ်းရင်း အငတ်ခံမလား၊ ခေတ်စနစ်နဲ့ လျော်ညီပေမဲ့ အစဉ်အလာကနေ ခွဲထွက်တဲ့ စီးပွားရေး၊ လူမှုရေး ပုံစံအသစ်ကို ခံယူကျင့်သုံးမလား ။
ဒီမေးခွန်းရဲ့ အဖြေကို ဒါရိုက်တာ ဆန်အိလီက ၂၀၀၇ ခုနှစ်မှာ အကယ်ဒမီ ၅ ဆု ဆွတ်ခူးခဲ့တဲ့ Hula Girls ဇာတ်လမ်းနဲ့ ဖြေဆိုထားပါတယ်။
အင်္ဂလိပ်စာတန်းထိုး နမူနာ ၁၉၆၅ ခုနှစ်က ဖြစ်ပါတယ်။ ရှေးယခင်ကတည်းက ကျောက်မီးသွေးတွင်းတူးဖော်ခြင်းလုပ်ငန်းနဲ့ အသက်မွေးလာခဲ့တဲ့ မြို့ငယ်ကလေးဟာ ကျောက်မီးသွေးအစား ရေနံကို တိုးချဲ့အသုံးပြုလာလို့ စီးပွားရေး အခက်အခဲ ဖြစ်လာပါတော့တယ်။ အမြော်အမြင်ကြီးတဲ့ ကျောက်မီးသွေးကုမ္ပဏီဟာရာသီဥတုအေးလွန်းတဲ့ မြို့ကလေးကို ခရီးသွားမြို့အဖြစ် အသွင်ပြောင်းဖို့ ဟာဝိုင်ယီအက ကပြဖျော်ဖြေတဲ့ အပန်းဖြေရိပ်သာတစ်ခု ဆောက်ဖို့ ကြံစည်ကြပါတယ်။ ရှေးရိုးဆန်လွန်းတဲ့ မြို့ခံတွေ အပြင်းအထန် ကန့်ကွက်နေတဲ့ကြားက ကျောက်မီးသွေးတွင်း အာဏာပိုင်တွေဟာ မြို့ကလေးရဲ့ ရှေ့ရေးအတွက် (အလုပ်သမားတွေ ငတ်မသွားရေးအတွက်) အကသင်တန်းကို ဖြစ်မြောက်အောင်ကြိုးစားခဲ့ကြပါတယ်။ ကုမ္ပဏီရဲ့ စေတနာကို နားလည်သွားတဲ့ ကောင်မလေး တစ်စုကလဲ သူတို့မြို့သူမြို့သားတွေ စားဝတ်နေရေး ပြေလည်ဖို့အတွက် (ဂျပန်ယဉ်ကျေးမှုနဲ့ သိပ်မဆိုင်တဲ့၊ ဗိုက်လှုပ်ကရတဲ့) ဟာဝိုင်ယီအကကို အချိန်တိုအတွင်း ကပြတတ်အောင် မိဘဆွေမျိုး၊ မြို့ခံများနဲ့ အတိုက်အခံလုပ်ပြီး ကြိုးစားကြတာကို အားတက်ကြည်နူးဖွယ် ရိုက်ပြထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ကြည့်ပြီး ၀င်လာတဲ့ အတွေးကတော့ ... ရှေးအစဉ်အလာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေကို မိုက်မိုက်မဲမဲ ဖက်တွယ် ထိန်းသိမ်းရင်း အငတ်ခံ (အသေခံ) မလား၊ ခေတ်စနစ်နဲ့ လျော်ညီပေမဲ့ အစဉ်အလာကနေ ခွဲထွက်တဲ့ စီးပွားရေး၊ လူမှုရေး ပုံစံအသစ်ကို ခံယူကျင့်သုံးပြီး ရှင်သန်မလား။ ဆိုတာပါပဲ။ တခါတလေမှာ ကောင်းတာတွေချည်း ရယူဖို့ မဖြစ်တဲ့ အချိန်မှာ ရှင်သန်ဖို့က ပိုအရေးကြီးတယ်လို့ပဲ စာရေးသူ ခံယူမိပါရဲ့။ ၁၀ မှတ်မှာ ၈.၅ မှတ်ပေးရမဲ့ ကားကောင်းလေးပါ။ ဖြစ်ရပ်မှန်ကို အခြေတည်ပြီး ရိုက်ကူးထားတာဖြစ်ပြီး အဲဒီ အာဇာနည် ကောင်မလေးတွေရဲ့ ကြိုးပမ်းမှုကြောင့် ကျောက်မီးသွေးတွင်း မြို့ငယ်ကလေးဟာ စီးပွားရေး အခြေပျက်မသွားပဲ နောက်ပိုင်းမှာ ဂျပန်ပြည်ရဲ့ အကျော်ကြားဆုံး အပန်းဖြေစခန်းမြို့ ဖြစ်လာခဲ့ပါတယ်။ အကောင်းဆုံး ရုပ်ရှင်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆုအပါအ၀င် အကယ်ဒမီ ၅ ဆု ဆွတ်ခူးထားတဲ့ ဂျပန်ဇာတ်လမ်းကလေးကို ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။
2 comments:
ငါလဲ ကြုံရင်တော့ အဲကားကြည့်လိုက်ပါအုံးမယ်... ကောင်းမဲ့ ပုံပဲ.. ကောင်မလေးတွေလဲ ချစ်စရာလေးတွေ...
ကားကတော့ တကယ်ကောင်ပါတယ်။နောက်ပြီး ခု နာမည်ကြီးနေတဲ့ Fukushimaနားမှာ ဒါကြောင့် သူတို့ပြောတဲ့ ဂျပန်စကားကို မနည်းကောင်း နားထောင်ယူရတာမျိုး။အကျော်ကြားဆုံး အပန်ေးဖြေစခန်းရယ်လို့တော့ဖြင့်မထင်ပါ။ကြားလည်း မကြားဘူးပါ။
Post a Comment