ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။

Saturday, July 19, 2008

ဇာတ်တူသားစားကြခြင်း

"သားရဲ လူသား အရိုင်းအစိုင်းတို့ကို သတိထားပါ … ဘုရားသခင်၏ ပရိုင်းမိတ် သတ္တ၀ါများတွင် သူသည် ပျော်ရွှင်ခြင်းအတွက်၊ ရမ္မက်အတွက်၊ လောဘအတွက် သတ်ဖြတ်လေ့ ရှိသည်။ အကြင်လူသားသည် သူ၏ ညီရင်းအစ်ကိုကို ထိုသူ၏ မြေအလို့ငှာ သတ်အံ့။ ထိုလူသားတို့ကို အမြောက်အများ မပွားစီးစေလင့်၊ သို့မဟုတ်က ထိုသူတို့သည် သူ၏ အိမ်နှင့်တကွ အသင်ဝံတို့၏ အိုးအိမ်တို့ကို သုသာန်တစပြင်သို့ ခမ်းခြောက်စေအံ့။" ကောနီးလပ်စ်၊ ၀ံတို့၏ဂြိုဟ် (၁၉၆၈) ။

ဇူလိုင် ၁၆ ၂၀၀၈ ခုနှစ်တွင် သမိုင်းဘာသာ အဓိကနဲ့ ၀ိဇ္ဇာဘွဲ့ရ အမျိုးသမီး တစ်ဦးဖြစ်တဲ့ ခင်ချိုဦးဟာ စင်ကာပူနိုင်ငံ အလုပ်ပွဲစား (အိမ်ဖော်ပွဲစား) အိမ်ကနေ ထွက်ပြေးရင်း (ရုပ်ရှင်ထဲကလို အ၀တ်တွေဆက်ချည်ထားတဲ့ ကြိုးနဲ့ တွယ်ဆင်းထွက်ပြေးရင်း) ပြုတ်ကျ သေဆုံးခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ အလုပ်ပွဲစားကို လုပ်ငန်းမကျွမ်းကျင်မှု (non-professional)၊ တာဝန်မဲ့မှု (not taking enough responsibility for safety of his/her client)နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတို့အတွက် လောရှည် - ကတဲ့ပွဲ အနေနဲ့ ရှုံ့ချချင်ပါတယ်။

စာရှုသူ စဉ်းစားကြည့်ပါ။ သေဆုံးသူ အမျိုးသမီးဟာ သမိုင်းဘာသာနဲ့ ဘွဲ့ရထားတဲ့ ပညာတတ်တစ်ယောက်ပါ။ အဲဒီပညာတတ်ဟာ အိမ်ဖော်လုပ်ငန်းကို လုပ်ပါမယ်လို့ အလုပ်ပွဲစားဆီမှာ အလုပ်လာလျှောက်တော့ ပွဲစားအနေနဲ့ Professional ပီသစွာ သူ့ရဲ့ ပညာအရည်အချင်းနဲ့ လိုက်ဖက်မဲ့ အလုပ်ကို ရှာမပေးသင့်ဘူးလား၊ ရှာပေးနိုင်ဖို့ expertise အလုံအလောက်မရှိဘူးဆိုရင်လဲ ရှာပေးနိုင်တဲ့ ပွဲစားဆီကို မလွှဲအပ်သင့်ဘူးလား (၀န်ဆောင်ခကိုတော့ ခွဲဝေယူရမှာပေါ့လေ။) ဒါတွေကို မလုပ်ပဲနဲ့ သူငွေကြေး အကျိုးအမြတ်ရရှိစေမဲ့ အိမ်ဖော်အလုပ်ကိုပဲ over-qualified ဖြစ်နေတာကို လျစ်လျူရှုကာ (လောဘဇောတက်ပြီး) လုပ်ကိုင်စေခဲ့တယ်။ (ဒီနေရာမှာ အဲဒီအမျိုးသမီးဟာ ကော်လာဖြူ လုပ်ငန်းခွင်ဝင်ဖို့ ပညာရေး မပြည့်စုံဘူး ဘာဘာညာညာ ငြင်းချက်ထုတ်လိုသူများကို ပြန်လှန်မငြင်းပါ။ ဒါပေမဲ့ ဒီကြေငြာချက်ရဲ့ ဦးတည်ချက်က အရည်အချင်းမရှိတဲ့ ဘွဲ့ရတွေအကြောင်းမဟုတ်ပါ။)

ဒီနေရာမှာ တခုသတိထားမိဖို့က အိမ်ဖော်ပွဲစားဆိုတာ စင်ကာပူအစိုးရဆီမှာ စနစ်တကျ မှတ်ပုံတင်ပြီးမှ လုပ်ရတာ။ အိမ်ဖော်ကို အိမ်ကိုခေါ်ထားချင်တဲ့ အိမ်ရှင် (အလုပ်ရှင်) ဆိုတာကလဲ ဒီတိုင်းခေါ်လို့မရပဲ အစိုးရဆီမှာ အိမ်ဖော်ကို ဘယ်လို ဆက်ဆံရမယ်၊ ဘယ်လိုထားရမယ်၊ ဘာတွေခိုင်းခွင့်ရှိပြီး ဘာတွေ ခိုင်းလို့မရဘူးဆိုတာတွေကို စာမေးပွဲဖြေပြီးမှ ခေါ်ခွင့်ရတာ။ ဒီအမျိုးသမီး မပျော်ဘူးဆိုတာကို ဘာလို့ အိမ်ဖော်ပွဲစားက မစစ်ဆေးသလဲ။ တကယ်လို့ abuse ဖြစ်နေတယ်ဆိုရင် အိမ်ရှင် (အလုပ်ရှင်) ကို ဘာလို့ တရားမစွဲသလဲ။ ဒါတွေဟာလဲ professional မပီသတဲ့ အပြုအမူတွေဖြစ်တယ်။ ဘက်လိုက်မှု၊ တရားမမျှတမှုတွေရဲ့ သင်္ကေတတွေဖြစ်တယ်။ တာဝန်မဲ့တာပဲ ဖြစ်တယ်။

ဒီအမျိုးသမီးဟာ တိုက်ပေါ်က တွယ်ဆင်းတယ်လို့ သိရပါတယ်။ တံခါးက ထွက်လို့ရရင် တိုက်ပေါ်က တွယ်မဆင်းဘူး။ ဒီအချက်ဟာ သူ့ကို ချုပ်နှောင်ထားတယ်ဆိုတာကို ပြသပြီး လူ့အခွင့်အရေး ချိုးဖောက်မှု တရပ်လဲဖြစ်တယ်။ (အိမ်ဖော်ပွဲစားများ အိမ်ဖော်ကို သော့ခတ် ချုပ်နှောင်ရန် အခွင့်အာဏာရှိသည်လို့ ဥပဒေပြဌာန်းချက် ရှိမယ်မထင်ဘူး။)

ဒီကိစ္စကို မြန်မာ့အသိုင်းအ၀ိုင်းက အလေးအနက်ထားပြီး နောက်နောင် ဒီလိုအဖြစ်အပျက်မျိုး မဖြစ်ပွားရအောင် ဥပဒေဘောင်အတွင်းကနေ အဖြေရှာသင့်တယ်လို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။ ကျွန်းဆွယ်ပလာဇာ (Peninsula Plaza) က မြန်မာဆိုင်ရှင်တစ်ယောက်ကို အလွတ်သဘော မေးမြန်းရာမှာ ရလာတဲ့ အလုပ်ပွဲစားရဲ့ အပြစ်တွေကို ဖုံးဖိတဲ့ အဖြေလေးနဲ့ ကြေငြာချက်ကို ရုပ်သိမ်းလိုက်ပါတယ်။

အဲဒီ ကောင်မလေးကိုက ရွတာ။ ရောက်တာမှ တလမပြည့်သေးဘူး။ အိမ်ရှင်က ပုံစံပေးတော့ သူစိတ်ညစ်တယ်နေမှာပေါ့။ (ဘော်ကျော့နေလို့မှ မရတာလေ၊ ဖိလစ်ပိုင်တွေက မြန်မာတွေလိုမပျင်းဘူး။ အလုပ်လုပ်တာ တော်တယ်။) အဲဒါနဲ့ မပျော်ဘူးဆိုတော့ နောက် Agent ဆီမှာ လာထားတာ။ အဲဒါကို ရွစိတက်ပြီး သူထွက်ပြေးတာလေ။ အ၀တ်တွေကို ဆက်ပြီး တွယ်ဆင်းတော့ အပေါ်မှာ ချည်ထားတဲ့ တိုင်က ပြုတ်တော့ ကျသေရော။ (အလုပ်ကို လက်ကြောတင်းအောင်က မလုပ်ချင်ဘူး။) အဲဒါနဲ့ အကုန်ရှုပ်ကုန်ရော။

2 comments:

ဘလူးဖီးနစ် said...

ဘာမှ မတတ်နိုင်ပဲ ထိုင်ကြည့်နေရတာတွေ အတော်များလာပြီဗျာ။ ..

happycloud said...

ဟုတ်တယ် ကိုလောရှည်ရေ တကယ့်ကို ဇာတ်တူသားစားတာဗျ အေးဂျင့်တွေက ဗမာအိမ်ဖော် လုပ်ရတယ်ဆိုတဲ့ ရာဇ၀င်ကို လူမျိုးရေးအရ ပပျောက်အောင် မကြိုးစားကြတဲ့ အပြင် ကိုယ့်လူမျိုး ကျွန်လို နေရတာကို သိသိကြီးနဲ့ ငတေမာရင် ပြီးရောဆိုတဲ့ ဇာတ်ကို က နေကြတာဗျ.. ဒီလို လူမသေတောင် ဘ၀သေသွားရတဲ့ မိန်းကလေးတွေ ရဲ့ဇာတ်လမ်းတွေဆို လူမသိ သူမသိ ဘယ်လောက်တောင် ရှိနေပြီလဲ မသိတော့ပါဘူး... တကယ့်ကို ယုတ်ညံ့တဲ့ လုပ်ရပ်ဖြစ်တဲ့ အတွက် ပြင်းပြင်းထန်ထန် ရှုံ့ချပါတယ်ဗျာ....