မူလလက်ဟောင်း Angry Bird ကို ယနေ့အထိ ကျွန်တော်တို့ မေ့မရနိုင်သေးပါ။
ပုံကို www.themetapicture.com မှ ကူးယူဖော်ပြပါသည်။
အ ၀တ် အ စား က န့် သ တ် ချ က် မ ရှိ ၊ နှ စ် သ က် ရာ ကို ၀ တ် စား ဆ င် ယ င် နို င် ပါ သ ည် ။
ရွှေပွဲလာတို့၏ အားပေးမှု
၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း
စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။
Showing posts with label အနုပညာ (ရုပ်ရှင်). Show all posts
Showing posts with label အနုပညာ (ရုပ်ရှင်). Show all posts
Tuesday, June 19, 2012
Tuesday, June 12, 2012
ဘဲနှုတ်ခမ်းနဲ့ မမလေးများ သတိထား
ဘဲနှုတ်သီးလို နှုတ်ခမ်းစူပြီး ရိုက်ထားတဲ့ ဓာတ်ပုံတွေကို Facebook မှာ တင်တတ်သူ မမလေးများ ဘဲပစ်ရာသီရောက်ပြီဆိုပြီး အပစ်ခံရမှာ သတိထားကြနော။
Warner Brothers က Looney Toons တွေထဲမှာ ဘဲပစ်ရာသီ၊ ယုန်ပစ်ရာသီဆိုပြီး အမဲလိုက်သမားရှေ့မှာ ယုန်နဲ့ ဘဲနဲ့ ဝိုင်းငြင်းကြတဲ့ ကာတွန်းဟာ အင်မတန် နာမည်ကြီးပါတယ်။
Warner Brothers က Looney Toons တွေထဲမှာ ဘဲပစ်ရာသီ၊ ယုန်ပစ်ရာသီဆိုပြီး အမဲလိုက်သမားရှေ့မှာ ယုန်နဲ့ ဘဲနဲ့ ဝိုင်းငြင်းကြတဲ့ ကာတွန်းဟာ အင်မတန် နာမည်ကြီးပါတယ်။
Labels:
ကာတွန်း,
ဟာသ,
အနုပညာ (ရုပ်ရှင်)
Monday, February 1, 2010
Hula Girls
ရှေးအစဉ်အလာကို ဖက်တွယ်ထိန်းသိမ်းရင်း အငတ်ခံမလား၊ ခေတ်စနစ်နဲ့ လျော်ညီပေမဲ့ အစဉ်အလာကနေ ခွဲထွက်တဲ့ စီးပွားရေး၊ လူမှုရေး ပုံစံအသစ်ကို ခံယူကျင့်သုံးမလား။
အင်္ဂလိပ်စာတန်းထိုး နမူနာ
၁၉၆၅ ခုနှစ်က ဖြစ်ပါတယ်။ ရှေးယခင်ကတည်းက ကျောက်မီးသွေးတွင်းတူးဖော်ခြင်းလုပ်ငန်းနဲ့ အသက်မွေးလာခဲ့တဲ့ မြို့ငယ်ကလေးဟာ ကျောက်မီးသွေးအစား ရေနံကို တိုးချဲ့အသုံးပြုလာလို့ စီးပွားရေး အခက်အခဲ ဖြစ်လာပါတော့တယ်။ အမြော်အမြင်ကြီးတဲ့ ကျောက်မီးသွေးကုမ္ပဏီဟာရာသီဥတုအေးလွန်းတဲ့ မြို့ကလေးကို ခရီးသွားမြို့အဖြစ် အသွင်ပြောင်းဖို့ ဟာဝိုင်ယီအက ကပြဖျော်ဖြေတဲ့ အပန်းဖြေရိပ်သာတစ်ခု ဆောက်ဖို့ ကြံစည်ကြပါတယ်။
ရှေးရိုးဆန်လွန်းတဲ့ မြို့ခံတွေ အပြင်းအထန် ကန့်ကွက်နေတဲ့ကြားက ကျောက်မီးသွေးတွင်း အာဏာပိုင်တွေဟာ မြို့ကလေးရဲ့ ရှေ့ရေးအတွက် (အလုပ်သမားတွေ ငတ်မသွားရေးအတွက်) အကသင်တန်းကို ဖြစ်မြောက်အောင်ကြိုးစားခဲ့ကြပါတယ်။ ကုမ္ပဏီရဲ့ စေတနာကို နားလည်သွားတဲ့ ကောင်မလေး တစ်စုကလဲ သူတို့မြို့သူမြို့သားတွေ စားဝတ်နေရေး ပြေလည်ဖို့အတွက် (ဂျပန်ယဉ်ကျေးမှုနဲ့ သိပ်မဆိုင်တဲ့၊ ဗိုက်လှုပ်ကရတဲ့) ဟာဝိုင်ယီအကကို အချိန်တိုအတွင်း ကပြတတ်အောင် မိဘဆွေမျိုး၊ မြို့ခံများနဲ့ အတိုက်အခံလုပ်ပြီး ကြိုးစားကြတာကို အားတက်ကြည်နူးဖွယ် ရိုက်ပြထားတာ ဖြစ်ပါတယ်။
ဒီဇာတ်ကားကို ကြည့်ပြီး ၀င်လာတဲ့ အတွေးကတော့ ...
ရှေးအစဉ်အလာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းတွေကို မိုက်မိုက်မဲမဲ ဖက်တွယ် ထိန်းသိမ်းရင်း အငတ်ခံ (အသေခံ) မလား၊ ခေတ်စနစ်နဲ့ လျော်ညီပေမဲ့ အစဉ်အလာကနေ ခွဲထွက်တဲ့ စီးပွားရေး၊ လူမှုရေး ပုံစံအသစ်ကို ခံယူကျင့်သုံးပြီး ရှင်သန်မလား။
ဆိုတာပါပဲ။
တခါတလေမှာ ကောင်းတာတွေချည်း ရယူဖို့ မဖြစ်တဲ့ အချိန်မှာ ရှင်သန်ဖို့က ပိုအရေးကြီးတယ်လို့ပဲ စာရေးသူ ခံယူမိပါရဲ့။
၁၀ မှတ်မှာ ၈.၅ မှတ်ပေးရမဲ့ ကားကောင်းလေးပါ။ ဖြစ်ရပ်မှန်ကို အခြေတည်ပြီး ရိုက်ကူးထားတာဖြစ်ပြီး အဲဒီ အာဇာနည် ကောင်မလေးတွေရဲ့ ကြိုးပမ်းမှုကြောင့် ကျောက်မီးသွေးတွင်း မြို့ငယ်ကလေးဟာ စီးပွားရေး အခြေပျက်မသွားပဲ နောက်ပိုင်းမှာ ဂျပန်ပြည်ရဲ့ အကျော်ကြားဆုံး အပန်းဖြေစခန်းမြို့ ဖြစ်လာခဲ့ပါတယ်။ အကောင်းဆုံး ရုပ်ရှင်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆုအပါအ၀င် အကယ်ဒမီ ၅ ဆု ဆွတ်ခူးထားတဲ့ ဂျပန်ဇာတ်လမ်းကလေးကို ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။
ဒီမေးခွန်းရဲ့ အဖြေကို ဒါရိုက်တာ ဆန်အိလီက ၂၀၀၇ ခုနှစ်မှာ အကယ်ဒမီ ၅ ဆု ဆွတ်ခူးခဲ့တဲ့ Hula Girls ဇာတ်လမ်းနဲ့ ဖြေဆိုထားပါတယ်။
Tuesday, October 28, 2008
The Blue Brothers
ရှီကာဂိုကို ၁၀၆ မိုင်၊ ဆီကအပြည့်၊ စီးကရက် ဘူးကတ၀က်၊ မှောင်လဲမှောင်နေပြီမို့လို့ ငါတို့ နေကာမျက်မှန်တွေ တပ်ထားကြတယ်။ Elwood, The Blue Brothers, 1980.မိုင် ၁၀၀ ကျော်ဝေးတဲ့ ရှီကာဂိုမြို့က အမြတ်ခွန်ဌာနကို အခြေပစ္စည်း ပိုင်ဆိုင်မှု အခွန်အဖြစ် ဒေါ်လာ ၅၀၀၀ ကို နောက်တနေ့နံနက်အမီ သူတို့ညီအစ်ကို နှစ်ယောက် သွားမပေးနိုင်ရင် သူတို့ ကြီးပြင်းခဲ့တဲ့ မိဘမဲ့ ဂေဟာကို အစိုးရက သိမ်းယူတော့မှာ ဖြစ်ပါတယ်။ သူတို့ဟာ ရှီကာဂိုကို အေးအေးဆေးဆေး လေညှင်းခံရင်း ကားမောင်းသွားကြရမှာတော့ မဟုတ်ပါဘူး။ သူတို့ ၂ ယောက်ကို ဘာကြောင့်မှန်းမသိ မကျေနပ်နေတဲ့ လက်နက်ကိုင် အမျိုးသမီးတစ်ယောက်၊ ပြည်နယ် ရဲတပ်ဖွဲ့၊ တက္ကဆက်ပြည်နယ်က ကျေးလက် တေးဂီတ ၀ိုင်းတော်သား လူမိုက်တစ်စုနဲ့ နာဇီလက်သစ်တစ်အုပ်တို့လက်က လွတ်အောင်လဲ ပြေးရဦးမှာ ဖြစ်ပါတယ်။ ဒါဟာ စတီဗင်စပီးလ်ဘတ်ရဲ့ ရိုက်လက်စဇာတ်ကား မဟုတ်ပါဘူး။ ဒါဟာ The Blue Brothers ဖြစ်ပါတယ်။ (ဒါပေမဲ့ အခွန်ဌာနက စာရေးနေရာမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် စပီးလ်ဘတ်ကို တွေ့ရမှာ ဖြစ်ပါတယ်။)
ဇာတ်လမ်းက တေးသံစုံ ဇာတ်မြူးပါ။ နာမည်နဲ့လိုက်အောင် Blues, R&B နဲ့ Soul တွေ ဖောချင်းသောချင်းပဲပေါ့။ အဲဒီခေတ်၊ အဲဒီအခါက ကျော်ကြားလှတဲ့ James Brown, Cab Calloway, Aretha Franklin, Ray Charles နဲ့ John Lee Hooker တို့ကလဲ သီချင်းတွေ ကိုယ်တိုင်ပါဝင် သီဆိုကြသေးတယ်။ ကုလားကားရှုံးလောက်အောင် တေးဂီတတွေ ပြည့်လျှမ်းနေတဲ့ ဒီဇာတ်ကားဟာ ကုလားကားအတိုင်း ပေရှည်လှပါတယ် (၁၃၃ မိနစ် + DVD version မှာ ထပ်ဖြည့်ထားတဲ့ အခန်းတွေ)။ ဒါပေမဲ့ အလွန်တရာမှ ကြည့်ပျော်ရှုပျော်ရှိလှတဲ့ ဇာတ်ကားတစ်ကားပါ။
စာရေးသူ မှတ်မှတ်ရရ အဖြစ်ဆုံးအခန်းကတော့ သူတို့ရဲ့ တေးဂီတ ၀ိုင်းတော်သားတစ်ယောက်ကို သွားခေါ်တဲ့အခန်းပါပဲ။ ပြင်သစ် အထက်တန်း စားသောက်ဆိုင်တစ်ခုမှာ ဧည့်ကြို (Maitre d) လုပ်နေတဲ့ Mr. Fabulous ကို တေးဂီတ၀ိုင်း ပြန်လည်ထူထောင်ဖို့ သွားပင့်တာ ဖြစ်ပါတယ်။ စားပွဲ ကြိုတင်မှာကြားရတဲ့ စားသောက်ဆိုင်ထဲ အတင်းဝင်ထိုင်၊ အသံမြည်အောင် စားသောက်၊ စားစရာတွေနဲ့ ဆော့ကစား၊ ခွက်အမှားတွေနဲ့ ၀ိုင်ကိုသောက်တဲ့အပြင် တခြားစားနေတဲ့လူကိုလဲ မင်းမိန်းမနဲ့ သမီးကလေးကို ဘယ်လောက်နဲ့ ရောင်းမလဲလို့ မေးလိုက်ပါသေးတယ်။ နောက်ဆုံးကျတော့ မင်းပြန်မလိုက်ရင် ငါတို့ ၂ ယောက် မနက်စာ၊ နေ့လည်စာ၊ ညစာ အနပ်တိုင်းကို ဒီမှာ နေ့တိုင်းလာစားမယ်လို့ ပြောလိုက်တဲ့အခါမှာတော့ ဧည့်ကြိုကြီးခမျာမှာ သူ့အလုပ်ကို စွန့်ပြီး ပြန်လိုက်လာရပါတော့တယ်။
သူတို့ပြောခဲ့တဲ့ "ငါတို့က ဂီတသမားသက်သက်တွေပါ" ဆိုတာကို စတီဖင်ချောင်ရဲ့ နာမည်ကျော် Kung Fu Hustle မှာ အမှတ်တရ ထည့်သွင်းပေးထားတာကို တွေ့နိုင်ပါတယ်။ ၁၉၈၀ ဇွန်လ ၂၀ ရက်နေ့မှာ ရုံတင်တော့ ဂျော့ခ်ျလူးကတ်စ်ရဲ့ ကြယ်တာရာစစ်ပွဲများ ဒုတိယကား (ဇာတ်လမ်းအရ ပဌ္စမကား) အင်ပါယာက ပြန်တိုက်ပြီရဲ့ နောက်ကကပ်လျက် (ဒုတိယမြောက်) ၀င်ငွေ အကောင်းဆုံး ဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်ကားတစ်ကားအတွင်း မော်တော်ယာဉ်ပျက်စီးမှု (ယာဉ်တိုက်မှုစသည်) ဒုတိယအများဆုံး ဇာတ်ကားလဲ ဖြစ်ပါတယ်။ (နံပါတ် ၁ ကတော့ သူ့ရဲ့အဆက် Blue Brothers 2000 ဖြစ်ပါတယ်။)
၁၉၈၀ ပုံစံ အထနှေး၊ နောက်ခံတီးလုံးနည်း၊ သရုပ်ဆောင်တာအေးတာကို သည်းခံနိုင်မယ်ဆိုရင် သင့်ရဲ့ တနင်္ဂနွေနေ့ခင်းချိန်တွေကို သင်သတိမထားမိခင်မှာ ယူဆောင်သွားပေးမဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒိတ်ဒိတ်ကြဲ ဂီတပညာရှင်တွေနဲ့ ထိပ်တန်း ဒါရိုက်တာကြီးကို ရုပ်ရှင် သရုပ်ဆောင်အဖြစ် တွေ့မြင်ရမဲ့ ဇာတ်ကားလဲ ဖြစ်ပါတယ်။ ၁၀ မှတ်မှာ ၈.၅ ပေးလိုက်ပါတယ်။ (အထသာ မနှေးရင် ၁၀ မှတ်အပြည့်ပေးမှာဗျို့)။ ကြည့်ဖြစ်အောင် ကြည့်ဖို့လဲ တိုက်တွန်းပါရဲ့။
Saturday, March 1, 2008
ငါတို့ကမ္ဘာ၊ သူတို့စစ်။
၂၀၀၈ ခုနှစ်ဆန်းမှာ ငါတို့ကမ္ဘာ၊ သူတို့စစ်ပွဲ လို့ ကြွေးကြော်ထားတဲ့ AVPR: Aliens vs Predator - Requiem (AVP2) နဲ့ ငါတို့ကမ္ဘာကို သူတို့စစ်တလင်းလုပ်အံ့လို့ ကြွေးကြော်လာတဲ့ ကိုရီးယားရုပ်ရှင် D-War: Dragon Wars ၂ ကားကို ကြည့်ဖြစ်ပါတယ်။ ညံ့ချက်ကတော့ ၂ ကားလုံး ကမ်းကုန်နေတာပဲ။ State-of-the-Art အထူးပြုလုပ်ချက်တွေ ရှိနေပေမဲ့လဲ ညံ့တဲ့ကားတွေ ထုတ်လုပ်နိုင်ပါတယ်လို့ သက်သေပြနေသလိုပါပဲ။ (နောက်တနည်းအနေနဲ့ နည်းပညာညံ့လို့ ညံ့နေရပါတယ်၊ နည်းပညာသာကောင်းကြည့် ကောင်းအောင် ရိုက်ပြမယ်ဆိုတဲ့ လူတွေ ဒီဇာတ်ကား ၂ ကားကို ကြည့်ပြီး နည်းပညာနဲ့ ရုပ်ရှင်ညံ့တာ ဘာမှမဆိုင်ကြောင်း သင်ခန်းစာယူသင့်ပါတယ်။)
ပထမ AVP မှာ Pace က သိပ်မြန်တယ် (လူတွေ အများကြီး ထည့်ထားပြီး ဖြည်းဖြည်းချင်း မသတ်ပဲ အပြုံလိုက် အပြုံလိုက် သတ်ပစ်လို့ ၃ ခါပဲ သေတာ ကြည့်ရတယ်) လို့ ကောင်းချီးပေး (ရွဲ့တာ) လို့ မဆုံးခင်မှာပဲ ဒုတိယကားဖြစ်တဲ့ AVPR မှာတော့ Pace (ဇာတ်ရှိန်) က မြန်လိုက်၊ နှေးလိုက်နဲ့ လူကို မူးနောက်နေအောင် လုပ်ပစ်လိုက်ပါတယ်။ High Concept Hollywood ဇာတ်ကားတွေကြားထဲမှာ မ High Concept ပဲ ရှေ့ကပြသွားတာ နောက်ကလိုက်ရှင်း၊ ဇာတ်ကောင်မိတ်ဆက်တွေ မသေမသပ်လုပ်၊ ကိုယ့်ဘာသာကိုယ် နားလည်အောင် လုပ်ကြည့်ရတာတွေနဲ့ပြသချိန်တွေကို ရုပ်ပျက်ဆင်းပျက် ဖြုန်းတီးအပြီးမှာ တတိယဇာတ်ကားကို ဆက်ချင်တဲ့ပုံစံနဲ့ Predator နည်းပညာကို လူသားတွေ ရရှိသွားကြောင်း ပြပြီး ပြီးသွားပါတယ်။ (Game ကို သစ္စာရှိတာလားတော့ မူလ Game ကို မကစားဖူးလို့ မသိပေမဲ့ Resident Evil နဲ့ ယှဉ်ရင်တောင် တော်တော်ညံ့တယ်ဆိုတာ ပေါ်လွင်နေပါတယ်။)
Alien Franchise တွေမှာ lone-survival သာကျန်တယ်ဆိုတဲ့ concept ကိုလဲ လူတွေအများကြီး အသက်ရှင်ကျန်ပြခြင်းဖြင့် ဖျက်ဆီးပစ်လိုက်ပါသေးတယ်။ မလိုအပ်တဲ့ ကြမ်းတမ်းမှုတွေ အလွန်အမင်းထည့်သုံးထားလို့လဲ လူကဲ့ရဲ့ချင်စရာ ဖြစ်နေပါတယ်။ (ပြကွက်တစ်ခုမှာ ကလေးကို ဗိုက်ဖောက်ပစ်လိုက်ပြီး နောက်ပြကွက်တစ်ခုမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ ပါးစပ်ထဲကို Alien ဥဥချပစ်လိုက်တာတွေကို ထမင်းမစားချင်ဖွယ် တွေ့မြင်ရပါလိမ့်မယ်။) ရှေ့ရှေ့ကားတွေထဲက မသေခဲ့တဲ့ Predator ဇာတ်လိုက်ကျော်ကြီး Hunter လဲ အဏုမြူဗုံးဒဏ်နဲ့ မာလကကြွသွားတဲ့အတွက် ၀မ်းနည်းဖွယ်ပါပဲ။ ခြုံပြောရရင် ၁၀ မှတ်မှာ ၃ မှတ်တောင် ပေးဖို့မတန်လို့ ၂ မှတ်ပဲ ပေးသင့်တဲ့ ဇာတ်ကားပါပဲ။ (Franchise ၂ ခုကို အားနာသောအားဖြင့် ၂ မှတ်ပေးသည်။)
ကိုရီးယားက ဟောလီးဝုဒ်အဆင့်မီ ရုပ်ရှင်ဟဲ့ ဆိုပြီး ၀မ်းသာအားရကြည့်မိတာကတော့ D-Wars: Dragon Wars ပဲ ဖြစ်ပါတယ်။ ဝေဖန်ရေးတွေက ပက်ပက်စက်စက် ပြောထားကြတော့ ဟုတ်ပါ့မလားလို့ ထင်မိတာ ကြည့်မိတော့ ဒါထက်တောင်ပိုသေး ဖြစ်နေပါတယ်။ ဒီဇာတ်ကားရဲ့ ဖွဲ့စည်းတည်ဆောက်ပုံလေးက ဒီလိုရယ်ပါ။ James Cameron ရဲ့မူလ Terminator က ဆာရာဆိုတဲ့ မိန်းကလေး (နာမည်ထည့်ပြောထားတယ်နော်) ကို သာမာန်လူသားတစ်ယောက်က သဘာဝလွန်အန္တရာယ်တွေကနေ ကာကွယ်ပေးတယ်ဆိုတဲ့ ကျောရိုးလေးကို ယူပါတယ်။ အရှေ့တိုင်း ပုံပြင်ဆန်ဆန် ဇာတ်ကောင် (နဂါးတွေ၊ မြွေတွေ၊ ဓားသမားတွေ) တွေ လျှောက်ထည့်ပါတယ်။ George Lucas ရဲ့ Naboo ဂြိုဟ်ပေါ်က Gungan စစ်တပ်ကြီးကို ဗီလိန်အတွက် ပေးလိုက်ပါတယ်။ အုံးကနဲ ဒိုင်းကနဲနဲ့ ရန်အပေါင်းက ကာကွယ်စေတဲ့ အဆောင်တစ်ခုကို မင်းသားအတွက် ပေးပါတယ်။ အထူးပြုလုပ်ချက်တွေ လုပ်ပေးတဲ့ အဖွဲ့က လက်စွမ်းပြချင်သေးတယ်ဆိုလို့ Independent Day, Godzilla နဲ့ Transformers တွေထဲက မြို့ပျက်ခန်းတွေ ပေါင်းထည့်ပါတယ်။ (ပရိသတ်မမြင်လိုက်ရမှာစိုးလို့ အမှန်အကန် လင်းလင်းချင်းချင်းမှာ ရိုက်ပြတယ်။) FBI က ပေါက်ကရလုပ်တယ်ဆိုတာကို (မလိုအပ်ပဲ အတင်း) ထည့်ပေါင်းပါသေးတယ်။ စတီဗင်စပီးလ်ဘတ်ဆန်ဆန် ဟာသလေးတွေလဲ ကြားညှပ်သေးရဲ့။ (ရယ်တော့ ရယ်ရသား။ ခိုးထားတာ ပေါ်လွင်နေတာကလွဲလို့။) နောက်ဆုံးခန်းအတွက်တော့ New Line Cinema ရဲ့ Mortal Kombat ဇာတ်ကားထဲမှ နဂါး ၂ ကောင် လုံးသတ်ခန်းကို အားဖြည့်ပါတယ်။ ပြီးပါပြီ။ သူ့ရဲ့ ကိုယ်ပိုင်ဖန်တီးမှု နတ္ထိပါ။
အနောက်တိုင်း ရုပ်ရှင် ဝေဖန်ရေးတွေကတော့ အားနည်းလွန်း (အမှန်က ၁၀ နှစ်သားကလေး ဇာတ်လမ်းတောင် သူ့ထက် ပိုကောင်းမယ်) တဲ့ သူ့ရဲ့ ဇာတ်လမ်းကို အဓိကထားဝေဖန်ကြပေမဲ့ အရှေ့တိုင်းမျက်စိနဲ့ကတော့ ဇာတ်လမ်းလေးက romantic ဖြစ်အောင် ကြိုးစားကြည့်လို့ရပါတယ်။ (ကြိုးစားကြည့်မှ ရမှာနော်၊ ဒီတိုင်းကြည့်လို့ကတော့ ဆဲခန်းပဲ) တိုတိုပြောရရင် စတေးခံရမဲ့ မင်းသမီးကို လွန်ခဲ့တဲ့နှစ် ၅၀၀ က (ချစ်လွန်းလို့) မစတေးခဲ့လို့ ဒီဘက်ခေတ်မှာ ဇာတ်လမ်းဖြစ်၊ နောက်ဆုံး စတေးလိုက်ရတယ် ဆိုတာပါပဲ။ (မင်းသမီးက ပြောသွားသေးတယ်၊ ငါမသေဘူး၊ ထာဝရအသက်ကို ရပြီ၊ ပြန်ဆုံမယ်တဲ့၊။ တောင်းပန်ပါတယ်။ ပြန်ဆုံတာကိုတော့ ငွေရောင်ပိတ်သားပေါ် မတင်ပါနဲ့တော့။) ဒီတစ်ကားလဲ မ High Concept ပါဘူး။ အဲ အဲ ကြည့်လို့ကတော့ အရမ်းလှပါတယ်။ ဒါကြောင့် သူ့ကို ၁၀ မှတ်မှာ ၃ မှတ်ပေးပါတယ်။ (၁ မှတ်က ပုံပြင်ရေးတဲ့ ကလေးလေးကို အားပေးဖို့၊ နောက် ၁ မှတ်က အထူးပြုလုပ်ချက် အဖွဲ့အတွက်၊ နောက် ၁ မှတ်က ကိုရီးယားကား ဖြစ်နေလို့။)
စာရှုသူတို့ကို အကြံပေးရလျှင်ဖြင့် AVPR ကို ၀ယ်ကြည့်ဖို့မပြောနဲ့၊ လက်ဆောင်အဖြစ် လာပေးသူကိုတောင် မိတ်ဆွေစာရင်းက ပယ်ဖျက်ပစ်ပါ။ D-Wars ကိုတော့ ၃ နှစ်သား ကလေးလေးတွေရှိရင် ကလေးထိန်းမရှိတဲ့အချိန် ဖွင့်ဖို့နဲ့ မြန်မာကားတွေညံ့လွန်းလို့ အသည်းကွဲရင် ဖွင့်ကြည့်ဖို့ ခိုးကူးဆိုင်ကနေ ၀ယ်သင့်ပါတယ်လို့ ... ။

Subscribe to:
Posts (Atom)