ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။

Wednesday, January 28, 2009

မေ့လျော့ခံထားရသော Hip-Hop ပညာရှင်များ (၂): BTNH

Bone Thugs-N-Harmony (BTNH) ဟာ ၁၉၉၀ ပြည့်နှစ်လွန်များက ကလိဖ်လန် (Cleveland) မြို့မှာ ပေါ်ထွန်းခဲ့တဲ့ Hip-Hop ဂီတအဖွဲ့ပါ။ သူတို့မှာ အဖွဲ့သား ၅ ယောက်ပါဝင်ပြီး Bizzy Bone, Krayzie Bone, Layzie, Wish Bone နဲ့ Flesh-N-Bone တို့ဖြစ်ပါတယ်။ လျင်မြန်ပြီး သံစဉ်ချိုချိုလေးလို ဖြစ်နေတဲ့ rap တွေကို သီဆိုလေ့ရှိတဲ့ သူတို့အဖွဲ့ဟာ ကြမ်းတမ်းတဲ့ Hip-Hop အဆိုရှင်များကြားမှာ တမူထူးခြားလို့နေပါတယ်။ ၁၉၉၇ ခုနှစ်မှာ Crossroad သီချင်းနဲ့ ဂရမ်မီဆု (Grammy) ကို ဆွတ်ခူးခဲ့တဲ့ သူတို့အဖွဲ့ဟာ သေဆုံးသွားကြပြီဖြစ်တဲ့ Eazy-E, Notorious B.I.G (Christopher Wallace) နဲ့ 2Pac တို့အားလုံးနဲ့ တွဲဖက်သီဆိုဖူးတဲ့ တစ်ခုတည်းသော ဂီတအဖွဲ့လဲ ဖြစ်ပါတယ်။ (ACID ရဲ့ စတင်ခြင်း ထဲက ဘ၀သီချင်းမှာ စိုင်းစိုင်းဆိုသွားတဲ့ "ငါဒီမှာ အလင်းတွေ သီချင်းတွေ မေ့ခဲ့ပြီးလို့ … အရပ်ပျက်တဲ့ ဘ၀ရဲ့ မှတ်တမ်း" ဆိုတဲ့ အပိုဒ်ဟာ သူတို့နဲ့ Notorious B.I.G တွဲဆိုထားတဲ့ Notorious Thugs သီချင်းမှာ Bizzy Bone ဆိုသွားတဲ့ အပိုဒ်ပေါ့။)



ဂရမ်မီဆု ဆွတ်ခူးခဲ့တဲ့ Crossroad သီချင်း

၁၉၉၀ မှာ အဖွဲ့ဝင် ၄ ဦးနဲ့ စတင်တည်ထောင်ပြီး ၁၉၉၁ မှာ နောက်ဆုံးအဖွဲ့သားဖြစ်တဲ့ Flesh-N-Bone ၀င်ရောက်လာအပြီးမှာ သူတို့ရဲ့ ပထမဆုံး ဓာတ်ပြား Faces of Death ကို အသံသွင်းပါတယ်။ ကလိဖ်လန်ကနေ လော့စ်အိန်ဂျလိစ် (Los Angeles) မြို့အထိ ချီတက်သွားပြီး အဲဒီအချိန်က နာမည်ကြီး Rapper/Producer တစ်ယောက်ဖြစ်တဲ့ Eazy-E ကို တွေ့ဖို့ ကြိုးစားကြပါတယ်။ Eazy-E ကို တယ်လီဖုန်းထဲကနေ သီချင်းဆိုပြကြအပြီးမှာ ဖုန်းပြန်ဆက်ပါ့မယ်ဆိုပြီး Eazy-E ပေါ်မလာဇာတ်ခင်းသွားပါတယ်။ ဒါပေမဲ့လဲ ဇွဲကောင်းလွန်းလှတဲ့ BTNH ဟာ Eazy-E ကလိဖ်လန်ကို သီချင်းလာဆိုတုန်း ဇာတ်စင်နောက် အ၀တ်လဲခန်းမှာ အမိဖမ်းပြီး နောက်တခါ သီချင်း ထပ်ဆိုပြအပြီးမှာတော့ Eazy-E နဲ့ သူတို့နဲ့ Ok သွားပါတယ်။



Eazy-E နဲ့ ဆိုခဲ့တဲ့ For Tha Love of $ သီချင်း

Eazy-E ထုတ်ပေးတဲ့ Creepin on ah Come Up ဓာတ်ပြားဟာ Gangster သီချင်းတွေ များနေလို့ ချက်ချင်းမပေါက်နိုင်ပေမဲ့ Thuggish Ruggish Bone နဲ့ For Tha Love of $ ၂ ပုဒ်ကို ရေဒီယိုက လွှင့်လိုက်တဲ့အချိန်မှာတော့ BTNH က ကောင်လေးတွေ ချက်ချင်း စူပါစတား ဖြစ်သွားပါတယ်။ နောက် ဓာတ်ပြား E 1999 Eternal မှာတော့ Gangster သီချင်းနဲ့ ဆေးခြောက်ရှူတာတွေအပြင် Crossroad လိုမျိုး ဘာသာရေးဆန်ဆန် သီချင်းတွေ စပြီး ပါလာပါပြီ။ BTNHResurrection မထုတ်မီမှာပဲ Flesh-N-Bone တယောက် AK-47 နဲ့ အိမ်နီးချင်းကို ရမ်းကားလို့ဆိုပြီး ထောင်ချခံရပါတော့တယ်။ ဒါနဲ့ ကျန်တဲ့ ၄ ယောက်နဲ့ပဲ Thugs World Order ကို သွင်းပါတယ်။ Phil Collins ပါဝင်သီဆိုထားတဲ့ Home သီချင်းဟာ ဒီအဖွဲ့ကို စာရေးသူရဲ့ အသည်းစွဲ ဖြစ်သွားစေတဲ့ သီချင်းပါပဲ။ အဲဒီအခွေရဲ့ နောက်မှာတော့ Bizzy Bone ဟာ အဖွဲ့ကို စွန့်ခွာသွားပါတော့တယ်။


Phil Collins နဲ့ဆိုခဲ့တဲ့ Home သီချင်း

BTNH ဟာ တဦးချင်းစီလဲ အောင်မြင်တဲ့ Rapper တွေကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ Bizzy Bone နဲ့ Layzie Bone တို့ဟာ တဦးချင်းခွဲထွက်ပြီးတော့ ဓာတ်ပြားတွေ ထုတ်ရာမှာ အထိုက်အလျောက် အောင်မြင်မှုတွေ ရခဲ့ပါတယ်။ သူတို့ ၂ ယောက်တွဲပြီးတော့ Bone Brothers ဆိုတဲ့ အမည်နဲ့လဲ သီချင်းတွေ ဆိုပါသေးတယ်။ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် ဖြစ်အပြီးမှာ Bizzy Bone ဟာ အဖွဲ့ကို ပြန်လာပါပြီ။ ထောင်ထဲရောက်နေတဲ့ Flesh-N-Bone ကလဲ လျှော့ရက်တွေနဲ့ ပြန်လွတ်လာပြီမို့လို့ အခုလက်ရှိအချိန်မှာ သူတို့ ၅ ယောက်လုံး ဓာတ်ပြားအသစ်ကို အသံသွင်းလျှက် ရှိပါကြောင်း ရေးသား မှတ်တမ်းတင်လိုက်ပါတယ်။

ငါတို့ပြန်တည့်သွားပြီဆိုတဲ့ Resurrection(Paper, Paper) သီချင်း

1 comment:

Anonymous said...

BitStarz certainly one of the|is among the|is likely certainly one of the} pioneers in the crypto playing trade. The website accepts BTC and ETH, presents fast withdrawals & deposits, nicely as|in addition to} supplies dozens of attention-grabbing games. It is well-known for progressive jackpots in each 카지노사이트 BTC and USD, and excellent online security.