ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။

Thursday, June 4, 2009

လောကအလှ အွန်လိုင်း မဂ္ဂဇင်းပါ အင်တာဗျူးများအား ပုံနှိပ်ဖော်ပြခြင်းနှင့် စပ်လျဉ်း၍

မြန်မာနိုင်ငံတွင် စီးပွားဖြစ် ပုံနှိပ်ထုတ်ဝေလျှက်ရှိသော Personal Computer မဂ္ဂဇင်းသည် လောကအလှ အွန်လိုင်းမဂ္ဂဇင်းတွင် ဖော်ပြခဲ့ဖူးသော ဦးရဲမြတ်သူ၊ မှော်ဆရာ၊ သင်ကာနှင့် စာရေးသူ လောရှည်တို့နှင့် မြန်မာစာလုံးစနစ်များအကြောင်း ဆွေးနွေးခန်း (အင်တာဗျူး) များကို လောကအလှ မဂ္ဂဇင်းနှင့် သက်ဆိုင်ရာ ပညာရှင်များကို ခွင့်တောင်းခြင်းမရှိလဲ မရှိ၊ မည်သည့်နေရာမှ ရယူပါသည်ကို နည်းမှန်လမ်းမှန် ကိုးကားခြင်းလဲ မရှိပဲ (မေးခွန်းများကို ဖြုတ်ပြီး အဖြေများကို ၏၊ သည်မရွေး ကူးယူကာ) ပြန်လည်ဖော်ပြခဲ့သည်ဟု ကြားသိရပါသည်။ (ရည်ညွှန်း http://blog.mghla.com/2009/06/blog-post.html)

စာရေးသူအနေနှင့် အဆိုပါ အင်တာဗျူးကို ဖြေဆိုစဉ်က လောကအလှ အွန်လိုင်းမဂ္ဂဇင်းတွင် ဖော်ပြရန်နှင့် အခြားပုံနှိပ်နှင့် အီလက်ထရွန်နစ် မီဒီယာများတွင် ထပ်ဆင့် ဖော်ပြနိုင်ရန် ခွင့်ပြုပေးနိုင်သော အကန့်အသတ်ရှိ အခွင့်အရေးများ (limited rights) ကိုသာ လောကအလှအား ပေးအပ်ခဲ့ပါသည်။ တစိတ်တပိုင်းကိုသော်လည်းကောင်း၊ အားလုံးကိုသော်လည်းကောင်း ပုံနှိပ်ထုတ်ဝေခွင့်၊ အခကြေးငွေနှင့် ရောင်းချခွင့်၊ ပုံနှိပ်ခွင့်ကို ပေးနိုင်သောအခွင့် စသည်တို့ အပါအ၀င်- အဆိုပါ အင်တာဗျူးနှင့် ပတ်သက်သော အခြားအခွင့်အရေး (rights) အားလုံးကို စာရေးသူနှင့် အင်တာဗျူးမေးမြန်းသူ ပူးတွဲ ပိုင်ဆိုင်ကြောင်း ပဋိဥာဉ်ထားခဲ့ပါသည်။

သို့ဖြစ်၍ စာရေးသူနှင့် အင်တာဗျူး မေးမြန်းသူ ပူးတွဲပိုင်ဆိုင်သော စာသားနှင့် အကြံဥာဏ်များကို ကြိုတင် ခွင့်ပြုချက် လုံးဝ မရယူပဲ ပုံနှိပ်ဖော်ပြကာ အခကြေးငွေနှင့် ဖြန့်ဖြူးရောင်းချခြင်းတို့အတွက် Personal Computer မဂ္ဂဇင်းနှင့် အယ်ဒီတာအဖွဲ့ကို ပြင်းထန်စွာ ရှုံ့ချကြောင်းနှင့် အဆိုပါဖြစ်ရပ်အတွက် နစ်နာခဲ့ရသူ အားလုံး (စာရေးသူ၊ အင်တာဗျူး မေးမြန်းသူနှင့် စာဖတ်ပရိသတ်အပါအ၀င်) ကို ချွင်းချက်မရှိ ၀န်ချတောင်းပန်ရန် တောင်းဆိုကြောင်း ကြေငြာအပ်ပါသည်။

No comments: