ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။

Sunday, May 11, 2008

ခေါက်ဆွဲခြောက်ထုပ်ထမ်းသော ၀န်ကြီးချုပ်နှင့် မြောင်းဆယ်သော မြို့တော်ဝန်

မဇ္ဈိမမှ ဆောင်းပါးရှင်/သတင်းထောက် အောင်သူငြိမ်းရေးသားသော မေလ ၁၁ ရက် ၂၀၀၈ ခုနှစ် ရက်စွဲတပ် သတင်းဆောင်းပါး - ကြိမ်မီးအုံး ပြည်သူများနှင့် ... - တွင် ဖော်ပြထားသည်မှာ ...

ဝန်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်သိန်းစိန် ကိုယ်တိုင်က သူ့အလုပ်မဟုတ်။ ရဟတ်ယာဉ်အပေါ် ပစ္စည်း ထမ်းတင်နေပြန်သည်။ မြန်မာစစ်အစိုးရ အမြင်တိုပုံကို ကြည့်၍ မိမိ ဒေါသ ဖြစ်နေရသည်။ ...

ဝန်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်ကြီးသိန်းစိန် ဆောင်ရွက်ရန်မှာ နိုင်ငံတကာ အကူအညီများ ပိုမို များပြားစွာ ရရှိရေးပင် ဖြစ်ပါသည်။ ရဟတ်ယာဉ်ပေါ် ခေါက်ဆွဲခြောက်ထုတ် ထမ်းတင်နေရန် မဟုတ်ပါ။ မြန်မာပြည်သူများ ကပ်ဘေးဒဏ် သင့်ခံရသည့် အတွက် နိုင်ငံတကာ အကူအညီရရှိရေးအတွက် နိုင်ငံတကာ ညီလာခံတရပ် စည်းရုံး ခေါ်ဆိုနိုင်ရန်ပင် ဖြစ်ပါသည်။


စာရေးသူကတော့ ၂၀၀၆ ခုနှစ် ရန်ကုန်မြို့တွင် မိုးများ သည်းထန်စွာရွာသွန်းပြီး အချို့နေရာများတွင် ရေများ ပေါင်လည်အထိရောက်သည်အထိ ဖြစ်ပြီးခါစက မြောင်းဆယ်ရာတွင် ရန်ကုန်မြို့တော်ဝန်ကိုယ်တိုင် လိုက်လံ အနီးကပ်ကြီးကြပ်နေသည်ကို သတင်းမှာ ကြည့်ခဲ့ရသည်ကို သတိရမိပါသေးတော့သည်။

1 comment:

phoeniz said...

ဒီနေ့  MRTV-4 ကနေလာသွားတာ......... ၀န်ကြီးချုပ်က လေဘေးဒုက္ခသည်စခန်းမှာ ကလေးငယ် များနဲ့ အတူ ဗွိဒီယို ကြည့် ရင်း အားပေးစကား ပြောကြားသွားပါတယ်တဲ့ ။ နွေးထွေးတဲ့ အမှတ်တရ အပြုအမူတစ်ခု လို့  ကျွန်တော် က မြင်ပါတယ် ။ သူ့ မှာတခြား လုပ်စရာ တပုံတပင် ရှိတဲ့ကြားက ဒုက္ခသည် ပြည်သူ ၊ ကလေးငယ်လေးတွေကို အားပေးသွားတာပါ။ မကောင်းမြင် ၀ါဒနဲ့ ကြည့်မယ် ဆိုရင်တော့ ကလေးကုလား ၊ အားအားယားယား နိုင်ငံတကာနဲ့  လုပ်စရာ ရှိတာ ဆွေးနွေးစရာ ရှိတာတွေ မလုပ်ပဲ ကလေးတွေနဲ့  video လာကြည့်နေတယ်ပေါ့ ။ အရာရာတိုင်းကို မျှတနဲ့ အမြင်နဲ့  မြင်နိုင်ပါစေ... (ကျွန်တော့်အမြင်ကို မျှတသည်ဟု မဆိုလိုပါ)