ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။

Saturday, August 15, 2009

ရှေးထုံးလဲ ပယ်မှ

Dilbert.com

အင်ဂျင်နုယဉ်က ဒေါ်လာသန်းပေါင်းများစွာတန်တဲ့ နည်းပညာကို ကုမ္ပဏီအတွက် ဖန်တီးတီထွင်ပေးတာတောင်မှ အကာနဲ့အနှစ်ခွဲခြား မသိလောက်အောင် တုံးအပြီး ညံ့ဖျင်းတဲ့ မန်နေဂျာက အ၀တ်အစား နည်းနည်းလေး တောက်ပြောင်နေတာကိုပဲ အပြစ်ပြောနေတဲ့အတွက် ပညာရှင် (အင်ဂျင်နုယဉ်) က စိတ်ပေါက်ပေါက်နဲ့ ဆော်ပလော်တီးပစ်လိုက်တာပဲ ဖြစ်ပါတယ်။

လူမှုရေး၊ စီးပွားရေး အဖွဲ့အစည်းတွေမှာ အဓိက ဦးတည်ချက်က သက်ဆိုင်ရာ အဖွဲ့အစည်း စည်ပင်ရှင်သန် တိုးတက်ရေးပဲ ဖြစ်ပါတယ်။ အဲဒီ တိုးတက်မှုကို သက်ဆိုင်ရာ နယ်ပယ်အသီးသီးရဲ့ ပညာရှင်တွေကပဲ ဆောင်ကြဉ်းပေးနိုင်ပါတယ်။ ဟယ် ... ပညာရှင်က ရှေးထုံးတွေကို မလိုက်နာလို့၊ ပညာရှင်က ယဉ်ကျေးမှုနဲ့ လျော်ညီအောင် မ၀တ်ဆင်လို့၊ ပညာရှင်က ဘာဖြစ်လို့၊ ညာဖြစ်လို့ဆိုတဲ့ လုပ်ငန်းနဲ့ မဆိုင်တဲ့ အကြောင်းတွေပြပြီး ပညာရှင်ကို အဖွဲ့အစည်း အတွင်းက ကန်ထုတ်ရင် အဲဒီ အဖွဲ့အစည်းပဲ မတိုးတက်ပဲ ခေတ်နောက်ကျ အောက်ကျနောက်ကျ ဖြစ်ကျန်ခဲ့မှာပါ။

ဒါကြောင့် ရှေးထုံးလဲ (ပယ်ဖို့လိုလာရင်) ပယ်မှ။

2 comments:

Andy said...

ဒီကာတွန်းကို မယောင်ရာဆီလူးပြီး ပြာလဲ့ကိုဇာချဲ့နေတဲ့
မြန်မာပြည်က တက္ကသိုလ်ကျောင်းတွေကို ပြရမယ်။
(ပြတောင် နားလည်ပါ့မလားမသိ)

ခွန်မြလှိုင် said...

အဲဒါ ရှေးထုံးကို လေးစား နေတာလား ပညာရှင် တော်တာ ကို အသိအမှတ် မပြုနိုင် နေရာ မပေးချင်လို့ ရှေးထုံးကြီး ဗန်းပြပြီး အပြစ်မရှိ အပြစ်ရှာနေတာလား တခုခုပဲ ။စိတ်ရင်းကိုတော့ မန်နေဂျာ ကိုယ်တိုင်ပဲ သိပါလိမ့်မယ်.. မြန်မာ အသိုင်းအ၀ိုင်းမှာတော့ (ပြည်တွင်းပြည်ပ အားလုံးကို ဆိုလိုသည်) ကျွန်မ ရောက်ခဲ့ဖူးတဲ့ အဖွဲ့အစည်း အားလုံးမှာ ဒီပုံစံကို တွေ့ရဆဲပါ။ ကိုယ်ရေးကိုယ်တာနဲ့ အလုပ် ရောထွေး တာတွေ ကိုလဲ ဂါရဝေါစ နိဝါတောစနဲ့ ရောထွေးပြီး အဖားတော်သူ နေရာပေး၊ ကိုယ့်လူ သူ့လူ မွေးပြီး လုပ်ငန်းကို နှောင့်နှေး စေတုန်းပါပဲ။ ထိုင်းလူမျိုးတွေက မြန်မာလူမျိုးတွေထက် သာတာ ဒီအချက်ပါပဲ။ ကြိုက်သလောက် အတင်းပြော ရန်ဖြစ် ထားပါစေ အလုပ်နဲ့ ပတ်သက်လာရင် ကိုယ်ရေးကိုယ်တာကို လုံးဝ ဘေးချ ပစ်နိုင်ကြတယ်။ မြန်မာအသိုင်းအ၀ိုင်းမှာ ဆိုရင်လား... ငါ့ခွင်ထဲ ရောက်လာပစေဦး ဆိုတဲ့ စကားက နေရာတိုင်း ကြားခဲ့ရပါတယ်။ တိုးတက်ချင်ရင် ဒီအကျင့်ကို အရင်ဖျောက်ရမှာပါပဲ