ရွှေပွဲလာတို့၏ အားပေးမှု

၂၀၀၉ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှစ၍ လက်မှတ်စောင်ရေပေါင်း စောင် တိတိ ရောင်းချခဲ့ရပြီး ဖြစ်ပါသည်။

Monday, June 23, 2008

ချင်းပြည်နယ် ကြွက် (အငတ်) ဘေး

နှစ် ၅၀ မှာ တခါ ပေါ်ပေါက်လာတတ်တယ်လို့ ဒေသခံ ချင်းတိုင်းရင်းသားတွေ ယုံကြည်ထားတဲ့ ကြွက်ဘေး (အငတ်ဘေး) မြန်မာနိုင်ငံ၊ ချင်းပြည်နယ်မှာ စတင် ကျရောက်လို့လာပါပြီ။ အဲဒီ ကြွက်တွေဟာ ရာစုနှစ် တစ်ခုမှာ ၂ ခါ ပွင့်/သီးလေ့ရှိတဲ့ ၀ါးပင်တစ်မျိုးရဲ့ အပွင့်နဲ့ အစေ့တွေကို စားသုံးဖို့ အုပ်စုလိုက် ရောက်လာကြပြီး ရွာသားတွေရဲ့ စားနပ်ရိက္ခာတွေကို အလွတ်မပေးပဲ ဖျက်ဆီးတတ်တယ်လို့ ဒေသခံတွေက ယုံကြည်ကြပါတယ်။ The Straits Times သတင်းစာမှ ဖော်ပြချက်ကို အောက်ပါအတိုင်း ကောက်နှုတ်ဖော်ပြအပ်ပါတယ်။

LONDON - AFTER the fury of Cyclone Nargis, a new disaster is looming in Myanmar: Packs of rats that swarm through the hills once every 50 years to consume everything in their path, a British newspaper reported yesterday.

The latest human disaster is unfolding in the jungle-covered mountains of Chin state, far to the north of the Irrawaddy delta where 134,000 people died last month, the Daily Telegraph said.

The plague of rats happens twice a century, when bamboo forests produce flowers and seeds, then wither and die for five years in a phenomenon known locally as mautam, or bamboo death.

Villagers believe the bamboo seeds are a kind of aphrodisiac for the rodents, whose numbers explode until all the seeds have been eaten. Then they turn on villagers' rice stocks, stripping ripening corn and paddy in the fields.

The regime's generals will permit no food aid or humanitarian workers into affected areas in a repeat of their callous refusal last month to permit emergency aid sitting in foreign ships off Myanmar's coast to be distributed to cyclone survivors, the newspaper said on its website.

Exiled Chin leaders say villagers who are too weak to flee over the border into India have already begun to die. They fear thousands more now face a lingering death in the deep bamboo forests where most of the state's million-strong population of Christian tribal people live.

The Chin is one of Myanmar's many minority ethnic groups.

Ms Cheery Zahau, 27, from the Women's League of Chinland, met British Prime Minister Gordon Brown in London this week to ask for help.

She said: 'The reports that are trickling out to India are heartbreaking. They tell of dehydrated children dying of diarrhoea and the poorest and weakest being left behind as stronger villagers start to escape over the border to where there is food.'

Saturday, June 14, 2008

မြန်မာ့နည်း၊ မြန်မာ့ဟန် နောက်ဆက်တွဲ

လောရှည် - ကတဲ့ပွဲ၏ စိတ်ချရသော သတင်းပေးများ၏ ထောက်လှမ်းချက်အရ လူဆိုးဂိုဏ်းဆန်ဆန် ချက်လက်မှတ်ပြ၍ မြန်မာတို့၏ ဂုဏ်သိက္ခာကို ကျဆင်းစေခဲ့သော (မူရင်းရုပ်သံကိုကြည့်ရှုရန်) မျိုးအောင်သည် နွားကျောင်းသား သေနတ်သမားများ ကြီးစိုးခဲ့ရာဖြစ်သော တက္ကဆက်ပြည်နယ် အော်စတင်မြို့တွင် နေထိုင်ကြောင်း သိရှိရပါသည်။ အဆိုပါပြည်နယ်သည် အမေရိကန်ပြည်နယ်များတွင် အိမ်ယာမြေဈေး အသက်သာဆုံး ပြည်နယ်ဖြစ်ပြီး ပျမ်းမျှအားဖြင့် ၄င်းပြည်နယ်မှ အိမ်တစ်လုံးသည် ကယ်လီဖိုးနီးယားပြည်နယ်မှ အလားတူ အိမ်တစ်လုံးဈေး၏ ၃ ပုံ ၁ ပုံအောက်သာ ရှိကြောင်းလဲ လေ့လာတွေ့ရှိရပါကြောင်း ရွှေပွဲလာတို့ သိရှိစေရန် ကြေငြာအပ်ပါသည်။

Sunday, June 8, 2008

ကျွန်တော့်ရဲ့ ချစ်သည်းလွှာ

ကျွန်တော် အထက်တန်းအောင်ပြီးတော့ ကျွန်တော့်ရဲ့ ချစ်ဦးသူ ကျောင်းသွားဖော် မမနဲ့ ခဏဝေးသွားတယ်။ နိုင်ငံရပ်ခြားမှာ ကွန်ပျူတာနဲ့ ပတ်သက်တဲ့ ပြိုင်ပွဲတစ်ခုသွားဖို့ မြန်မာ ကွန်ပျူတာ ပညာရှင်များအသင်းက ကျွန်တော်နဲ့ သူငယ်ချင်းတချို့ကို လေ့ကျင့်ပေးတဲ့ သင်တန်းမှာ ကျွန်တော့်ရဲ့ ချစ်သည်းလွှာလေး သူမကိုစတွေ့တယ်။ သူမဟာ မမထက် အများကြီး ငယ်ပေမဲ့ ကျွန်တော့်ထက်တော့ အသက်ကြီးလို့ ကျွန်တော်က ‘မ’လို့ပဲ ခေါ်ပါတယ်။

‘မ’ဟာ မမနဲ့ ဆွေနီးမျိုးစပ်တော်တာမို့ မမလိုပဲ အရမ်းကို ချောမောလှပတဲ့ မိန်းမပျိုကလေး ဖြစ်ပါတယ်။ မမလို အချိုးအဆစ် ပြေပြစ်တဲ့ ကောက်ကြောင်းတွေ မရှိပေမဲ့ ချစ်စရာကောင်းလောက်အောင် ပြုံးတတ်တဲ့အပြင် မမလိုပဲ သိမ်မွေ့နက်ရှိုင်းပြီး နားလည်ရခက်တဲ့ အသည်းနှလုံးကိုလဲ ပိုင်ဆိုင်ထားသူ ဖြစ်ပြန်ပါသေးတယ်။

‘မ’ကိုစတွေ့တဲ့နေ့ကို ကျွန်တော်အခုထိ မမေ့သေးဘူး။ ‘မ’ကို ကျွန်တော်က ဟဲလိုလို့ နှုတ်ဆက်တော့ အရှက်ကြီးဟန်တူတဲ့ ‘မ’က ချက်ချင်းမပြောပဲ ကွေ့ပတ်နေပါသေးတယ်။ သုံးခါလောက် တောင်းပန်တိုးလျိုးပြီးမှ ‘မ’က ကျွန်တော့်ကို ဟဲလို လို့ ပြန်ပြောပါတယ်။ အဲဒီအချိန်မှာ ချစ်ဦးသူမမကို ကျွန်တော် ခဏမေ့သွားပြီး ရင်တွေခုန်လာပါတယ်။ အဲဒီအချိန်ကစလို့ ‘မ’ဟာ ကျွန်တော့်ရဲ့ ဘ၀ဖြစ်လာပြီး သူမရဲ့ စွဲမက်ဖွယ် အလှအပတွေနဲ့ ကျွန်တော့်ကို သူမအနားက မခွဲမခွာချင်အောင် ဆွဲဆောင်ထားပါတော့တယ်။ ထူးဆန်းတာက သူမနဲ့ အလုပ်လုပ်နေရရင်၊ သူမနဲ့ ပတ်သက်တာတွေကို သိအောင် လုပ်နေရရင် ကျွန်တော့်မှာ မမောနိုင် မပန်းနိုင်၊ ထမင်းမေ့၊ ဟင်းမေ့ပါပဲ။ အဲဒီလို သူမနဲ့ အနေနီးလေလေ၊ လူတကာမသိတဲ့ သူမရဲ့ လျို့ဝှက်ချက်တွေ၊ အမူအကျင့်တွေကို ပိုပြီး နက်နက်ရှိုင်းရှိုင်း သိလာလေလေ၊ သူမကို ပိုချစ်၊ ပိုပြီး စုံမက် မြတ်နိုးလာလေလေပါပဲ။

မမလောက် မဟုတ်ပေမဲ့လဲ ‘မ’ဟာလဲ နယ်ပယ်အတော်များများမှာ ၀င်ဆန့်သူကလေး တစ်ဦးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီဘက်ခေတ် စီးပွားရေးနဲ့ လူမှုရေး နယ်ပယ်တွေမှာ ကျွန်တော့်ရဲ့ ‘မ’ဟာ အလွန်ပဲ အရေးပါ အရာရောက်သူ ဖြစ်ပါတယ်။ ဆေးဘက်ပညာရပ်ဆိုင်ရာ ကိစ္စရပ်တွေမှာလဲ မမနဲ့အတူ ၀ိုင်းဝန်း ကူညီတတ်သလို ရှုပ်ထွေးတဲ့ စာရင်းဇယားတွေနဲ့ ပတ်သက်လာရင်လဲ ကျွမ်းကျင်ပါတယ်။ ကွန်ပျူတာကို ခိုင်းစေရမဲ့ အလုပ်တွေ အားလုံးအတွက် ‘မ’ရဲ့ အကူအညီ လိုအပ်တယ်ဆိုရင် ကျွန်တော်ပြောတာ လွန်မယ် မထင်ပါဘူး။

စိတ်ကောက်တတ်တာတော့ မမတို့ အမျိုးတွေရဲ့ မွေးရာပါ ဗီဇမို့လို့ ‘မ’ဟာလဲ စိတ်ကောက်တတ်သူ တစ်ယောက်ပေါ့။ စိတ်နှလုံး နူးညံ့တယ်ဆိုပေမဲ့ သူမနဲ့ အလုပ်လုပ်ရာမှာ သတိလက်လွတ် ပေါ့ပေါ့ဆဆများ လုပ်ခဲ့မိရင် တညလုံး အိပ်မရအောင် ကဂျီကဂျောင် လုပ်ရာမှာ မမထက် မညံ့ပါဘူး။ ပေါ့ဆတဲ့လူကို အပြစ်ပေးရာမှာလဲ တစ်ညမက၊ နှစ်ညမက၊ ညစဉ်ရက်ဆက် မျက်တွင်းဟောက်ပက်ဖြစ်လောက်အောင် ရက်စက်လွန်းတာကတော့ မမထက်တောင် သာသွားပါသေးတယ်။ ဒါပေမဲ့လဲ သူမရဲ့ ချစ်စဖွယ် အပြုံးနဲ့ ခွင့်လွှတ်မှုရဲ့ နောက်ဆက်တွဲ တပ်မက်ဖွယ် အနမ်းများကြောင့် သူမအပေါ် ကျွန်တော် ကြာရှည်လေးမြင့် စိတ်မဆိုးနိုင်ပါဘူး။

‘မ’ဟာ ဘာသာစကားမျိုးစုံကို တတ်မြောက်ပြီး နယ်ပယ်အသီးသီးက ပညာရှင်အသီးသီးနဲ့ လိုက်ဖက်ညီမဲ့ ဘာသာစကားကိုလဲ ပြောပါတယ်။ သူမဟာ အပိုသိပ်မပြောပဲ လုပ်ငန်းဆောင်တာ အစီအစဉ်နဲ့ ပတ်သက်တာကိုပဲ တုံးတိတိ ပြောတတ်ပါတယ်။ အဲဒီလို တုံးတိတိ ပြောတတ်လို့ ‘မ’ပြောတဲ့ စကားတွေကို နားလည်ဖို့ခဲယဉ်းတဲ့အတွက်ကြောင့် ‘မ’နဲ့ တွဲဖက်အလုပ်လုပ်သူတွေက မှတ်ချက်တွေ ထည့်ထည့်ပြောပေးရလေ့ ရှိပါတယ်။ အခုနောက်ပိုင်းတော့ ‘မ’ဟာ သူပြောတာကို သာမာန်လူတွေ ပိုနားလည်ရလွယ်ကူအောင် ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ စပ်လျဉ်းပြီး ပြောတာ များလာပါတယ်။

ကြားမိတာကတော့ ဒေါ်နယ်လ်နပ် ဆိုတဲ့လူက ‘မ’ရဲ့အကြောင်းကို အတွဲ ၇ တွဲပါ စာအုပ်ရေးသားဖို့ ကြံစည်ထားပါသတဲ့ (အခုတော့ ၅ တွဲပဲ ရေးပြီးသေးတယ်ဆိုပဲ)။ အားတဲ့တစ်နေ့မှ အဲဒီစာအုပ်တွေ ကျွန်တော် ရှာဖတ်ရဦးမယ်။ မနက်ဖြန်မနက်ကျရင်တော့ ‘မ’နဲ့ အတူတူ မနက်စာ စားရမှာမို့ စောစောအိပ်ပါတော့မယ်ဗျို့။

Thursday, May 29, 2008

လေ(လျှော)တတ်လို့ ရော(ပေး) ရပါသည် (သေခြင်း၏ နောက်ဆက်တွဲ)။

ဝင်ကစွပ်အမည်ခံ ပုဂ္ဂိုလ်တစ်ဦးက သေခြင်း ကိုဖတ်အပြီးမှာ အောက်ပါ parody ကိုရေးပို့လာတဲ့အတွက် ဖော်ပြလိုက်ရပါတယ်။ (နောင်များမှာလဲ အခြားသူများက ပေးပို့သော စာများကို လောရှည် - ကတဲ့ပွဲ ၏ မူများနှင့် တိုက်ဆိုင် စစ်ဆေးပြီး ဖော်ပြပေးမှာဖြစ်ပါတယ်။ ဒီလိုစာများနှင့် ပတ်သက်သော အရှုပ်အထွေးများတွင် ရေးသားပေးပို့သူကသာ တာဝန်ယူရမည်ဖြစ်ပြီး လောရှည် - ကတဲ့ပွဲ တွင် တစုံတရာ တာဝန်မရှိစေရ။)

ကိုလောရှည်လိုတော့
Princeton ရဲ့လေညှင်းခံဖို့ကို
တွေးမိဘို့နေနေသာသာ
အ၊ထုံ၊ပါရမီကများတော့
Princeton ဘယ်နေမှန်းမသိသူတစ်ယောက်ပါ။

လေပြင်းဒါဏ် အဖျားခတ်ခံခဲ့ရသော လှိုင်သာယာ၏ မုန်တိုင်းမဝင်မီ ရက် ၄၀၀ ကျော်က လေညှင်းလေသင်းများကိုတော့ ရှူခဲ့၊ ခံစားခဲ့ဘူးပါတယ်။

တစ်ခုသောခန်းမများရဲ့ အဝင်ဝမှာ ....
ပညာရှင်တွေလဲပါကောင်းရဲ့၊
ခေါင်းရွက်ဗျပ်ထိုးဈေးသည်တွေလဲ ပါကောင်းရဲ့၊
"ဆန်ဈေးတက်တာ ဒို့အလုပ်လား၊
ဒို့မှာ မနက်စာအတွက် ပေါင်မုန့်ကိုတောင်မှ မနည်းနပ်မှန်အောင်
Singapore ကနေ မှာစားနေရတာ၊
ဒါတောင် တလောက မုန်တိုင်းကြောင့်
လေယာဉ် မဆင်းနိုင်လို့ ပြတ်သွားတဲ့ခဏ
Singaporre ပေါင်မုန့်နဲ့ကြီးလာတဲ့ မြေးမကို
Europe က မှာထားတဲ့ Cheese Cookie နဲ့
မနည်းချော့ပြီး ကျွေးလိုက်ရတယ်"လို့ ပြောလေ့ရှိသူတွေလဲပါကောင်းရဲ့၊
မနက် အလုပ်သွားခါနီး၊ လမ်းစရိတ်မရှိလို့ ထမင်းချိုင့်ကို မိဘမေတ္တာမှာခဏထား၊
ရလာတဲ့ ပေါ့ပေါ့ပါးပါးလေးထဲက ဆန်ဝယ်ဖို့ရယ်လို့ချန်၊
တစ်ကြောင်းစာ စရိတ်နဲ့ အိတ်စုတ်ကို လွယ်ပြီး အထွက်မှာ
ညနေကျရင် သဇင်မင်းက ခေါက်ဆွဲကြော်ဝယ်လာခဲ့မယ်၊
ထမင်းသာချက်ထား၊ စားပြီး ၉နာရီခွဲကျရင်
မနေ့က ဒွေးကား ဇာတ်သိမ်းပိုင်းကို သီဟတို့ရုံမှာ သွားကြည့်ရအောင်လို့ပြောပြီး
အလုပ်ကို ရနိုင်ဖို့ တပ်ထိပ်က စုရပ်ဆီသို့ ကားကျပ်ကျပ်ကို တွယ်စီးသွားတတ်သူနဲ့
သူ့အိမ်သူအိမ်သားများလဲ ပါကောင်းရဲ့၊
ထိုထိုလူများ ဆိုင်ရာခန်းမ အသီးသီးရှေ့မှာ၊ အထဲမှာ၊
လည်တဆန့်ဆန့်နဲ့ မျှော်နေတတ်တာက ....

မျှော်ရင်းတန်းလန်း အဝင်ဝကိုကြည့်ကာ ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူး ငြင်းတတ်ကြပါသေးသည်။
တချို့ကလည်း ကိုယ်နှင့်မဆိုင်ပါဘဲ၊ တချို့ကလည်း နှစ်မူးတစ်ပဲလောက်ဆိုင်ကာ၊ တချို့ကျလည်း လုံးလုံးဆိုင်၍
တိုးတိုးကြိတ်ကြိတ် တမျိုး၊ ဖွာလောင်ဖွာလောင်တဖုံ၊ စဉ်းစားတွေးနေ ပြောနေတတ်ကြတာကတော့
“ဒီကပြန်ရင်ဆက်ရှင်းရဦးမယ်၊ ပြဿနာတွေကို၊….. “

တစ်ချို့ကလည်းသိနေလို့၊ တစ်ချို့ကြလည်းရမ်းသမ်း၍၊ တစ်ချို့ကလည်းဘာမှ မသိ၊ မထင်၊ မတွေးထား သော်လည်း၊ ခေါင်းတညိတ်ညိတ်နှင့်ပေါ့။
ခဏကြာတော့လာပြီ၊ လာပြီ၊ ကြည့်ကြ၊ ကြည့်ကြ၊
မဆိုင်တဲ့သူတွေ ဘေးဖယ်ပါဆိုတာလဲပါရဲ့၊ (မဆိုင်မှဖြင့်ရောက်တောင်မလာဘူး ဟုတ္မေးမိပါသေးသည်။)
ကန်တော့ကြ၊ ကန်တော့ကြ၊ ဆိုတဲ့အသံနဲ့အတူ
ပြင်းထန်စွာ ငိုရှိုက်သံ
ရင်ဘတ်ထုသံ
ကြမ်းပြင်ပေါ်မှာလူးလှိမ့်သံ
နှပ်ညှစ်သံ
တက်သွားပြီ
လုပ်ကြပါဦး
ရှူဆေးပေး
ဟဲ့ဟဲ့ခြေထောက်တွေကိုဆန့်ပေးပါဟဲ့
ယပ်ခတ်ပေးကြပါဦး
ဝိုင်းအုံမနေကြပါနဲ့ လေရအောင်
တင်းမထားနဲ့လေ
လုပ်ချလိုက် အားပါးတရ
ဒါနောက်ဆုံးပဲ
စိတ်လျော့မှပေါ့ကွယ်
ကျန်တဲ့သူတွေအတွက်အားတင်းထားမှပေါ့
ကြေးစည်သံနဲ့အတူ
ဖိနပ်သံများနှင့်အတူ
ယခင်က ဖော်ပြခဲ့သော အသံများ၊
မဖော်ပြခဲ့သော အသံများ၊
လဲပြိုသံများ
တွဲခေါ်သံများ……..
လောကထဲကို ဝင်လာတုန်းက လူသုံးယောက်ထက်မနည်း ရှိသည့်အခန်းငယ်အတွင်း ဆူညံမှုကိုလုပ်ခဲ့သူဟု အမှတ်အတေးထားကာ
နားရှိပါလျက် မကြားနိုင်တဲ့ဘဝမှာ တောင် နောက်ဆုံးကြိမ်ပဲ ဆိုပြီး လက်စားချေတာလား လောရယ်။
မှားသွားလို့ပါ။
လောက ရယ်။

ဝင်ကစွပ်

Tuesday, May 20, 2008

မိတ္တဗလ ဋီကာ

၂၀၀၄ ခုနှစ် နှစ်လယ်လောက်မှာ စာရေးသူ စာအုပ်တစ်အုပ် ဖတ်ရပါတယ်။ လူသန်းပေါင်းများစွာရဲ့ ဘ၀ကို ပြောင်းလဲစေသူ စာရေးဆရာ/ဘ၀နေနည်း သင်ကြားသူ ဒေးလ်ကာနက်ဂျီရဲ့ How to Win Friends and Influence People ဆိုတဲ့ စာအုပ်ပါ။ ၁၉၃၆ ခုနှစ်မှာ ပထမဆုံး ပုံနှိပ်ထုတ်ဝေခဲ့ပြီး တကမ္ဘာလုံးမှာ အုပ်ရေ ၁၅ သန်းကျော် ရောင်းချပြီးတဲ့ စာအုပ်ဖြစ်ပါတယ်။

ဒီစာအုပ်ဟာ ထင်တာတွေ လျှောက်ရေးထားတာ မဟုတ်ပဲ တကယ့်လက်တွေ့မှာ အသုံးတည့်ကြောင်းကို စာရေးဆရာ (ဒေးလ်ကာနက်ဂျီ) က ဥပမာတွေ အများအပြားပေးလို့ ရေးသားထားပါတယ်။ စာရေးသူ (လောရှည်) ကိုယ်တိုင် စမ်းသပ်ကြည့်ရာမှာလဲ ဒီစာအုပ်ပါ နည်းလမ်းများဟာ ထိရောက်တယ်လို့ တွေ့ရှိရပါတယ်။ စာအုပ်ပါနည်းလမ်းများရဲ့ အသုံးဝင် ထိရောက်နိုင်စွမ်းကို တိုင်းတာဖို့ နောက်ထပ် စမ်းသပ်မှု တချို့လုပ်ဖို့ ဆက်လက် စဉ်းစားနေပါတယ်။

ဒီစာအုပ်မှာ အပိုင်း ၄ ပိုင်းပါပြီး တပိုင်းစီရဲ့ အနှစ်ချုပ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

အပိုင်း (၁) လူသားများကို ကိုင်တွယ်ခြင်း

၁။ ဝေဖန်၊ အပြစ်တင်၊ အပြစ်ဆို၊ စောဒကတက်ခြင်းကို ရှောင်ကြဉ်ပါ။
၂။ ရိုးရိုးသားသား အမှန်အတိုင်း (ဖားတာ၊ မျက်နှာလုပ်တာ မပါပဲ) ချီးကျူးပါ။
၃။ တခြားသူ၏ ဆန္ဒကို သိမြင်ပါ။

အပိုင်း (၂) လူတွေ သင့်ကို နှစ်သက်စေရန် လုပ်နည်း ၆ မျိုး

၁။ သင့်မိတ်ဆွေများ၏ ပြဿနာနှင့် လိုအင်တို့ကို သိပါ၊ စိတ်ဝင်တစား ဂရုတစိုက်ရှိပါ။ သင့်စေတနာကို ပြသပါ။ (အပိုင်း ၁၊ အခန်း ၃ နှင့် ခပ်ဆင်ဆင်တူသည်။)
၂။ ပြုံးပါ။
၃။ သင့်မိတ်ဆွေများ၏ အမည်ကို မမေ့ပါစေနဲ့။
၎။ များများ (ဂရုတစိုက်) နားထောင်ပါ။ တဘက်သားကိုလဲ ပေးပြောပါ။ နည်းနည်းပဲ ပြောပါ။ (ကိုယ်ကချည်း မပြောပါနဲ့)
၅။ သင့်မိတ်ဆွေ၏ အလိုဆန္ဒများကို ရှေ့တန်းတင် ပြောဆိုပါ။ (အပိုင်း ၁၊ အခန်း ၃ နှင့် ခပ်ဆင်ဆင်တူသည်။)
၆။ သင့်မိတ်ဆွေကို အရေးပေးပါ။ သူသည် သင့်အတွက် အရေးပါသည်ဟု ခံစားရပါစေ။ (နှစ်နှစ်ကာကာ စေတနာပါပါလုပ်ပါ)

အပိုင်း (၃) သင်ပြောတာ (တွေးတာ) ကို လက်ခံစေခြင်း

၁။ အငြင်းပွားမှုကို ရှောင်ကြဉ်ပါ။ (ထိပ်တိုက် ရင်ဆိုင်ခြင်း မပြုပါနှင့်)
၂။ မင်း မှားနေတယ် လို့ ဘယ်တော့မှ မပြောပါနှင့်။ (အပိုင်း ၁၊ အခန်း ၁ နှင့် ဆင်ဆင်တူသည်။)
၃။ သင်မှားနေလျှင် ချက်ချင်း ၀န်ခံ တောင်းပန်ပါ။
၎။ ရင်းရင်းနှီးနှီး (အပြုသဘောဆန်ဆန်) စပြောပါ။ (တွေ့တာနဲ့ စစ်ကြေညာခြင်း မလုပ်ပါနှင့်။ အပိုင်း ၃၊ အခန်း ၁ နှင့် ဆင်ဆင်တူသည်။)
၅။ သင်ပြောတာကို တဘက်သားက အရင် ထောက်ခံ (လက်ခံ) စေပါ။ (၂ ဘက်လုံး လက်ခံမဲ့ စကားကနေ စပြောပါ)
၆။ တဘက်သားကို အများကြီး ပေးပြောပါ။ (အပိုင်း ၂၊ အခန်း ၄ နှင့် ခပ်ဆင်ဆင်ဖြစ်သည်။)
၇။ တဘက်သားအနေနှင့် သင်ပြောတာ (တွေးတာ) သည် အမှန်အားဖြင့် ၄င်း၏ အပြော (အတွေး) ဖြစ်သည်ဟု ထင်ပါစေ။ (ဒါဆို မငြင်းတော့ဘူး)
၈။ တဘက်သား၏ ရှုထောင့်မှ ရိုးရိုးသားသား တွေးမြင်နိုင်အောင် ကြိုးစားပါ။ (အပိုင်း ၁၊ အခန်း ၃ နှင့် ခပ်ဆင်ဆင်ဖြစ်သည်။)
၉။ တဘက်သား၏ အတွေးအမြင်တို့ကို ကိုယ်ချင်းစာပါ။
၁၀။ မင်းက ဒီလို ယုတ်ညံ့တာမျိုး မလုပ်ဘူး၊ ငါယုံတယ်ဆိုပြီး အနိုင်ယူပါ။ (လူတိုင်း မြင့်မြတ်သော သူရဲကောင်းဖြစ်လိုကြသည်။)
၁၁။ ခပ်မိုက်မိုက်လေး ပြောပါ။ (ခမ်းခမ်းနားနား ပြောပါ။ ကမ္ဘာနဲ့ချီပြီး ပြောပါ။)
၁၂။ စိန်ခေါ်မှုကို ပယ်ချပါ။ စမလုပ်ပါနှင့်။

အပိုင်း (၄) ခေါင်းဆောင်လုပ်နည်း - အခြားသူများကို မထိခိုက်/တိုက်ခိုက်ပဲ ပြောင်းလဲစေခြင်း

၁။ ရိုးရိုးသားသား ချီးကျူး၍စတင်ပါ။ (အပိုင်း ၁၊ အခန်း ၂ နှင့် ဆင်တူသည်။)
၂။ တဘက်သား၏ အမှားများကို မသိမသာ ထောက်ပြပါ။ (အပိုင်း ၁၊ အခန်း ၁ နှင့် ဆင်တူသည်။)
၃။ တဘက်သားကို မဝေဖန်ခင် မိမိအမှား (ယခင်၊ ယခု) ကို ထောက်ပြပြောဆိုပါ။
၎။ တိုက်ရိုက် အမိန့်မပေးပဲ မေးခွန်းများသာမေးပါ။ (ဒီလိုလေး လုပ်သင့်တယ် မထင်ဘူးလား စသည်)
၅။ တဘက်သားကို အရှက်မခွဲပါနှင့်။ (ချောင်ပိတ် ရိုက်ခြင်း မပြုရ၊ ထွက်ပေါက်ပေးပါ။)
၆။ အသေးအဖွဲကအစ ချီးမွန်းပြောဆိုပါ။ (အပိုင်း ၁၊ အခန်း ၂ နှင့် တူသည်။)
၇။ တဘက်သားကို လေးစားပါ။
၈။ အားပေးစကားပြောပါ။ အမှားကို ပြင်ရလွယ်သည်ဟု ထင်ရအောင် (ပြင်ချင်အောင်) အားပေးပါ။
၉။ သင့်စကားနားထောင်လိုက်နာရသည်ကို ပျော်ရွှင်ပါစေ။

အဓိကအကျဆုံးလို့ စာရေးသူ (လောရှည်) ထင်တာကတော့ မှားနေပြီဆိုပြီး အပြစ်ပြော/ထိပ်တိုက်တွေ့တာကို ရှောင်ကြဉ်ခြင်း၊ ချီးကျူးပြောဆိုခြင်းနဲ့ လူတကာကို ဂရုစိုက် မေတ္တာထားခြင်းလို့ပဲ ထင်ပါတယ်။ စာရှုသူမိတ်ဆွေများ နယ်ပယ်အသီးသီးမှာ နည်းမျိုးစုံနဲ့ ဥာဏ်ရှိသလို အသုံးချလို့ရတဲ့ စာတအုပ်ဖြစ်လို့ ၁၀ မှတ်မှာ ၉.၉ မှတ်ပေးလို့ ညွှန်းဆိုလိုက်ရပါတယ်။ မိတ္တဗလကို အသုံးပြုလို့ အောင်မြင်မှုပန်းကို ဆွတ်လှမ်းနိုင်ကြပါစေ။

မှတ်ချက် ။ ။ သခင်နုနှင့် ဖေမြင့်တို့ မြန်မာဘာသာသို့ ပြန်ဆိုဖူးသော စာအုပ်ဖြစ်ပါသည်။